အပိုင်း (၂)

2.5K 213 1
                                    

         မင်းကြီးလည်း မင်းသမီးအား စောင့်ကြည့်ရန် မှူးမတ်များကို အဆောင်နားတွင် နေရာချထားသည်။ ထိုမင်းသမီးလေးမွေးဖွားခါစအချိန်တွင် ပုဏ္ဏားများက ဗေဒင် တွက်ချက်ရာ ထိုမင်းသမီးသည် စုန်း ဖြစ်လာ၍ ဖခင်၏ထီးနန်းကို လုယူမည့်သူ ဖြစ်ကြောင်း မင်းကြီးအားလျှောက်တင်ခဲ့ဖူးလေသည်။ မင်းသမီးလေးသည်  ဓါးရေးရော လေးအတတ်ပါ ကျွမ်းကျင်သူ ဖြစ်ပြီး စုန်း ဖြစ်သွားခဲ့ပါလျှင် မည်သူမျှ တား နိုင်မည် မဟုတ်သောကြောင့်  မင်းကြီးလည်း ကြောက်လန့်နေခြင်းဖြစ်သည်။ 
    
တစ်ည တွင် ယောက်ျားလေးအသွင်ပြောင်း၍ နန်းတော် တစ်၀ိုက် စုန်းအတတ်အသုံးပြုမရအောင် စီရင်ထားသော အစီအရင်များကို ဖျက်ဆီး ပစ်သည်။ ဖျက်ဆီးပြီးနောက် သူ၏နှမတော်ကို ခေါ်ထုတ်ရန် ကြိုးစားသော်လည်း စိတ်အတွင်းထဲတွင် မင်းသမီးနှင့် အသေအကြေ တိုက်ခိုက်နေရသဖြင့် ပင်ပန်းကာ လမ်းတွင် လဲကျသွားလေသည်။  ရံရွေတော်များသည် မင်းသမီးလေး လမ်းတွေ လဲနေသည်ကို မြင်၍နန်းဆောင်ထဲ ပြန်ခေါ်သွားသည်။

အချုပ်ခန်းထဲတွင် စုန်းမလည်း စုန်းအတတ်ပညာ များကို နန်းတော်ထဲ တွင်သုံးလို့ ရပြီဖြစ်သောကြောင့် မင်းသမီးလေး၏နန်းဆောင်သို့အသွား။ မင်းသမီးလေး၏ အခြေအနေမှာ သေအံ့ဆဲဆဲဖြစ်နေသောကြောင့် သမားတော်များ မှူးမတ်များ နှင့် ဘုရင်မင်းမြတ်ကပါ အနားမှာ ရောက်နေလေသည် ။ မင်းသမီးလေးသည် အကိုတော် ကို အနိုင်ရ၍ အကိုတော်၏စိတ်၀ိညာဥ်ကို စိတ်လှောင်အိမ်ချိုင့် ထဲတွင် ထည့်ကာ ပိတ်ထားလိုက်လေသည်။

ဘုရင်မင်းမြတ်လည်း သမီးတော်လေး၏ လက်ဖ၀ါးလေးကို အသာအယာဆုပ်ကိုင်ကာ

" သက်သာရဲ့လားသမီးတော်လေး။ အဆင်ပြေရဲ့လား"

"သက်သာပါတယ် ခမည်းတော်။ သမီးတော် အရမ်းပင်ပန်းနေလို့ ခဏလောက်နားချင်တယ် ခမည်းတော်"

"အေးပါကွယ် အနားယူလိုက်အုံးနော်။ သမီးတော် နေကောင်းတဲ့အချိန်ကျ ခမည်းတော်တစ်ခေါက်ပြန်လာလှည့်ပါမယ်ကွယ်"

ဘုရင်လည်း မှူးမတ်များ၊ သမားတော်များကို ပြန်ခိုင်းပြီး သမီးတော် ကို အေးအေးဆေးဆေး အနားယူ စေသည်။ ဘုရင်ကြီး နန်းဆောင်သို့ပြန်ရောက်လာသောအခါ ထောင်မှူးမှ အမောတကော ပြေးလာပြီး စုန်းမ လွတ်သွားကြောင်းလျှောက်တင်လေသည်။ ဘုရင်ကြီးလည်း မင်းသမီးလေးကို မနှောင့်ယှက် သေးသ၍ သူ့ကို ဒီတိုင်းပဲ လွှတ်ပေးထားလိုက်ရန် မိန့်လေသည်။

Loveliest Witch (လှပသော စုန်းမ)Donde viven las historias. Descúbrelo ahora