VVIP❣️
"ကျွတ် ကျွတ်……"
ဗိုက်ကချုပ်ရိုးကြောင့် သစ်ကူးမှာ နည်းနည်းလေးလှုပ်တာနဲ့နာတော့သည်။
ဘာမှမစားရတဲ့အပြင် အိပ်လို့ကလဲမရတော့ နာတာကပိုသိသာနေသည်။
အရေးထဲ ဟိုခွေးပုက လူနာလာမေးတာကို အစားတွေတစ်ခုပြီးတစ်ခုစားပြနေတာ။
အထူးသဖြင့် သစ်ကူးကြိုက်တဲ့ကြက်ကြော်ပေါ့။
ကြက်ပေါင်တွေကိုက်ပြီးစားနေတာ လည်နင်တော့မဲ့အတိုင်း။အဲ့ဒါတင်လားဆိုတော့ မဟုတ်ဘူး။
သူ့လင်ကပါ ကျက်သရေမရှိလာ ရို ပြနေတာ။
လိုအပ်ရင်အနားမရှိတဲ့ ဘဲကြီးကလဲ ဆရာဝန်နဲ့တွေ့စရာရှိတာကြောင့် သွားသတဲ့။
သနားစရာသစ်ကူးလေးမှာ ကြက်ကြော်လဲမစားရ။ ရိုလဲမရိုရနဲ့။
အဟင့် ငလူးမရှေ့ကနှစ်ယောက် သွားလေရာ ခလုတ်တိုက်ပါစေ။
မွေးလာတဲ့ကလေး ဒင်းတို့နဲ့မတူဘဲ ဒီကလူချောသစ်ကူးနဲ့တူပါစေ။"သစ်ကူး စားအုံးမလား"
ခွေးပုကောင်ဟာ ကြက်ကြော်ကိုမျက်စိရှေ့ထောင်ကာမေးလာသည်။
ငါနော် ကိုင်ပေါက်ပစ်လိုက်ရ။"ယီးကိုစား……စားလို့မရပါဘူးဆို
သောက်ခွက်လာပြောင်မနေနဲ့""ငိုးမရယ် ငါကမင်းဗိုက်ဆာနေမလားဆိုပြီး
စေတနာနဲ့ကျွေးတာလေ""မင်းမြေနိုး…စေတနာရှိရင် မင်းအစထဲက ဒီထဲယူမလာနဲ့လေ
အပြင်မှာစားပါလား""လအု ငါကမင်းကိုတွေ့ချင်လို့လာတာ အပြင်မှာနေပြီးဘာလုပ်ရမှာတုန်း"
"လခွမ်းပဲ ငါ့တွေ့ချင်ရင် လူချည်းပဲလာလေ"
"ဘောပဲ လူချည်းပဲလာပေမဲ့ ဗိုက်ကဆာတယ်လေ
အထဲကအကောင်လေးကလဲ စားချင်နေတာကို""လအုလေးတောင် အရာမပေါ်သေးတဲ့ ကလေးကို
အကြောင်းပြ မင်းငတ်ရင်ငတ်တယ်ပေါ့"လူယဉ်ကျေးနှစ်ယောက်နဲ့တော့ ဆေးရုံတစ်ခုလုံးလဲ ငလူးရပ်ကွက်ကျလို့။
သူတို့ဆဲတာအရေးမကြီးဘူး အသေးလေးဗိုက်ထဲက ပေါက်စကမွေးလာရင် အဆဲသန်နေတော့မှာ။
စိတ်တွေဆင်းရဲလိုက်တာ။
Bossရယ် မြန်မြန်လာပါတော့။
အယိုင်းတုံးတွေဆဲတာနဲ့ Bossတပည့်လေး လူရိုင်းဖြစ်တော့မယ်။