VVIP❣️
"အူးဝါး😭"
ဟဲ့ သောက်ခွေး ဘယ်ကလေးလာငိုနေတာတုန်း။
စူးစူးဝါးဝါးအော်သံကြောင့် သစ်ကူး အိပ်ယာကငေါက်ခနဲထထိုင်မိသား။
ဘေးနားက ဘဲကြီးကလဲ ကလေးငိုသံကြောင့် လူးလွန့်လာပြီး ပြန်ငြိမ်သွားသည်။"အူးဝါး😭 အူးဝါး"
"အေးအေး……ကျွတ်……ကျွတ် တိတ်ပါ တိတ်ပါ"
ဒုက္ခကို ကိုယ်တိုင်ခေါ်ထားမိသော မောင်သစ်ကူးပါပဲ။
ငပုကောင်၏သားအားချစ်လွန်းသောကြောင့် တစ်ပတ်တစ်ရက် အခန်းခေါ်အိပ်မိသည်။
သောက်ကလေးလေးဟာ အခုဆို ရှစ်လပြည့်လုနီး။
ညညထငိုရင် နို့ဘူးတိုက်ရတာလဲ အိပ်ရေးတော့ပျက်သည်။"အယ် သကောင့်သားလေး အီးတွေပါချတာလား
ညကြီးမိုးချုပ်ကွာ မင်းကလဲ"သေးပေါက်သည်အထင်နှင့်ဘောင်းဘီလေးချွတ်ကာ
သေးခံလဲပေးဖို့ပြင်တော့ ပဲကြီးဟင်းသဖွယ် ဝါပျော့ပျော့အရာတွေကြောင့် သစ်ကူး နှာခေါင်းရှုံ့မိသွားရသည်။"ဝေါ့……ချီးပဲ နံလိုက်တာကွာ
ခွေးပေါက် ဘာတွေစားလို့ နံနေရတာတုန်း"ချီထားသည့် ကလေးကိုပုခက်ထဲပြန်ထည့်ကာ ဘဲကြီးကိုနှိုးရသည်။
"ဘဲကြီး…ဘဲကြီး ထအုံး"
"ဟင်…ဘာလဲကူးရယ် ကိုယ်အိပ်ချင်နေတုန်း"
"ထအုံး ကလေးချီးပါနေတယ်
သုတ်ပေးလိုက်အုံး""တော်ပြီကွာ ကူးခေါ်ထားတာ ကူးပဲသုတ်ပေးလိုက်
ကိုယ်ပင်ပန်းလို့ အိပ်ပါရစေ""ဘာပင်ပန်းတာတုန်း
ဘာတွေလုပ်ရလို့ ပင်ပန်းနေတာတုန်း
ထဆိုထ…စိတ်တိုအောင်မလုပ်နဲ့""ဟား……ကူးရာ……
သူများကလေးခေါ်ထားပြီ ဒုက္ခပေးနေပြန်ပြီကွာ
ကိုယ်ကကူးကလွဲပြီး သူများအနစ်နာခံချင်တာမဟုတ်ပါဘူးဆို"ဝွန်း ငလူးမဘဲကြီး လူကိုကြွေအောင်ပြောပြန်ပြီ။
ကူးကလွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့သဘော။
အူးဝါး ဘဲကြီးကိုချစ်လိုက်တာဗျာ။ဒါပေမဲ့လဲ မရပါဘူး။
ကလေးချီးတော့ မသုတ်ပေးချင်ဘူး။"ထလို့…… ဘဲကြီးရေ ထပါဆို"