*ကလေးအထုပ်တွေအားလုံးစုံပြီလား:"
*အင်း..နည်းနည်းကျန်သေးတယ်
ပိတ်ရက်ရတာကြောင့် ဂျီမင်းမွေးရပ်မြေကိုအလည်
ပြန်ကြမည် ယောက္ခမစကားအတိုင်းတစ်သွေမသိမ်း
လိုက်နာရမည်က ဂျောင်ကုတာဝန်*ကလေးရေ ကုန်ပြီလား
ဂျောင်ကု သူ့လက်ထဲက အိတ်ကိုကားနောက်ခန်းထဲ
ထည့်ရင်းမေးလိုက်သည်*အင်း..အခုထည့်လိုက်တဲ့ အိတ်ကနောက်ဆုံးဘဲ
ဟူး..အဝတ်တွေကလဲများလိုက်တာကိုယ့်ဘာသာပြောကိုယ့်ဘာသာငြီးနေတဲ့ဂျီမင်း
ကြောင့် ဂျောင်ကုအသည်းယားနေမိသည်*ကလေး အဝတ်တွေများတာကိုး..ခနဘဲသွားမှာကို
ဘာလို့အများကြီးယူလာတာလဲ*အော်..လိုရမယ်ရပေါ့ ဟိုရောက်လို့ဝတ်စရာမရှိရင်
ဘယ်လိုလုပ်မလဲ*ဝတ်စရာမရှိရင် ဝတ်စရာမလိုတော့ဘူးလေ အဲ့တာ
ဆိုမပင်ပန်းတော့ဘူးပေါ့ညစ်ကျယ်ကျယ်ပြုံးပြီးပြောလာသည့်ဂျောင်ကုကြောင့် ဂျီမင်းအမြင်ကတ်စွာထုရိုက်ပစ်လိုက်သည်
*အားနေ အဲ့တာဘဲတွေးနေ
*ဟ...ကိုယ်ကဘာတွေးလို့လဲ ကလေးဝတ်စရာမရှိ
ရင်ဝယ်ဝတ်လို့ရတာဘဲလေ အဲ့လိုပြောတာပါကလေးက ဘာတွေတွေးနေတာလဲ...*တော်ပြီတော်ပြီ စကားဆက်မပြောချင်တော့ဘူး.
စလိုက်တော့ တစ်ခါတည်း ကားပေါ်ကိုတက်သွား
ပြီးထိုင်နေလေရဲ့ စိတ်ကောက်တော်မူသွားပါပြီ
ဂျောင်ကုလဲ ကားပေါ်တက်လိုက်ပြီးခါးပတ်ပတ်
ပေးဖို့လုပ်တော့ အဆိုးလေးက ဂျောင်ကုလက်ကို
ပုတ်ချပြီး ကိုယ်တိုင်ပတ်နေလေရဲ့*ကလေး..စိတ်ကောက်နေတာလား..မကောက်ပါနဲ့
ကွာ ကိုကချစ်လို့စတာကိုအဲ့တာဘဲ ဂျောင်ကုရဲလက်သုံးစကားချစ်လို့စတာ
ကို အမြဲအဲ့စကားနဲ့အနိုင်ယူနေတာ မကောင်းတဲ့ကောင်