Part 4(1)

420 63 0
                                    

Zawgyi:

        ခွန်းစည်သာ၏ အခန်းထဲတွင် မီးဖိုချောင်မှ ဟင်းပွဲလေးတွေအား ဧည်းခန်းမှ စားပွဲပေါ်သို့ ပြောင်းရွှေ့ရင်း ရဲမာန်ခ အလုပ်ရှုပ်နေသည်။ ဟင်းပွဲလေး တစ်ခါသွားထားတိုင်း သွားယူတိုင်း ရေချိုးခန်းလေး ကို ကြည့်ကြည့်နေရတာ သူ့မှာ အမော။

       ဟင်းပွဲတွေ အားလုံးစုံတော့လည်း သူ့မှာ ထိုင်လိုက် ထလိုက် ရှေ့နောက် လမ်းလျှောက်လိုက်နှင့် အလုပ်ရှုပ်နေပြန်သည်။ အတော်ကြာ ဂနာမငြိမ် ဖြစ်နေပြီးမှ စိတ်မရှည်စွာဖြင့် ရေချိုးခန်းလေးရှေ့ သွားရပ်ပြီး တစ်ဒုန်းဒုန်းထုတော့သည်။

ဒုန်း...ဒုန်း...ဒုန်း.....။

"အကို တစ်ခုခုဖြစ်နေတာလား။ တော်တော်ကြာနေပြီ!!"

တံခါးကွဲမတတ်ထုပြီး သာမက တစ်တိုက်လုံးကြားအောင် အော်ပြောနေသောကြောင့် ရေချိုးခန်းထဲမှ ခွန်းစည်သာ အလိုမကျစွာ ပြန်အော်လိုက်သည်။

"ငါဒီလိုပဲ ချိုးတတ်တာ!! မင်းဘယ်လိုဖြစ်နေလဲ"

"အကို့ဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ..။ တစ်နာရီလောက်တောင်ရှိနေပြီ။ ဟင်းတွေလည်းအေးကုန်ပြီ။ အကို့ကို ပူပူနွေးနွေးလေး စားစေချင်တာပါဆို..."

ရဲမာန်၏ စကားအဆုံးတွင် ခွန်းစည်သာ ရေချိုးခန်းတံခါးလေးဖွင့်ကာ ဆူပုတ်စွာဖြင့် ချောင်းလေးသုတ်ကာ ထွက်လာရင်း...

"ငါက ပူရင်မစားတတ်ဘူး။ ပြီးတော့ ပူရင်အရသာမရှိဘူးကွ။ ပူတဲ့အရသာပဲသိတာ။ ဘာမှမခံစားမိဘူး။ အေးမှ အရသာကို ကောင်းကောင်းခံစားနိုင်မှာ..."

"သြော်....ဟုတ်"

ဒီလူသား၏စကားတွေကို ဘာမှ မချေပချင်တော့။ သူ့ခံယူချက်နှင့် သူမှန်သည်မို့...။

ရဲမာန်ခ ရွှဲ့တဲ့တဲ့ ပြန်ဖြေလိုက်ပြီး ခွန်းစည်သာကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ပြီးမှ

"ရေချိုးခန်းထဲမှာ တစ်ခါတည်း အဝတ်တွေ လဲနေမှတော့ ဒီလောက်ကြာမှာပေါ့။ ဝင်သွားတည်းက ထွက်ကိုမလာတော့လို့။ အထဲမှာ ချော်လဲပီး လျှောနေပြီလားလို့ စိတ်ပူသွားတာပဲ"

My Cherished Person (Mini story)Donde viven las historias. Descúbrelo ahora