Part 4(2)

422 68 0
                                    

Zawgyi:

မီးဖိုချောင်ထဲတွင် ရဲမာန် ပိုနေသောဟင်းများ ထည့်ထားသည့် ဘူးလေးတွေကို ရေခဲသေတ္တာထဲထည့်နေရင်း ရေစင်လေးရှေ့တွင် လှုပ်စိလှုပ်စိဖြင့် ပန်းကန်လေးများအား ဂရုတစိုက်ဆေးနေသည့် ခွန်းစည်သာ အား အလိုမကျစွာ လှမ်းပြောလိုက်သည်။

"ပြီးရင် ကျွန်တော် ဆေးပါမယ်ဆိုတာကို။ သွား... ကိုယ့်ဘာသာ လုပ်စရာရှိတာ သွားလုပ်"

"သူရဲကောင်းတွေက ကိုယ်စားထားတဲ့ပန်းကန် ကိုယ့်ဘာသာဆေးတယ်"

"သူရဲကောင်းတွေက ဆေးရင် ပြောင်အောင်ဆေးတယ်။ ဟိုမှာ ဆပ်ပြာတွေ တွေ့လား။ ပြောင်အောင်လည်း မဆေးတတ်ဘဲနဲ့ ဖယ်တော့"

နောက်ဆုံးလက်ကျန်ဘူးလေး အမြန်ထည့်ပြီး လူ့ဂွစာ အကိုတော်လေးဆီသို့ သွားပြီး ပန်းကန်ဆေးဖော့တုံးလေး လှမ်းဆွဲရင်းပြောသည်။

သို့သော်လည်း ခွန်းစည်သာက ဖော့တုံးလေးကို မပေးပဲ ရောက်လာသူကိုသာ တံတောင်နှင့် တွန်း၍

"တအား လျှာရှည်တာပဲ။ အဲ့တာ မပြောင်တာ မဟုတ်ဘူး။ ရေမဆေးရသေးတာ"

ရဲမာန်က ခွန်းစည်သာဘက်လှည့်ပြီး လက်တစ်ဖက်ကို ရေစင်ပေါ်ထောက်ပြီး တစ်ဖက်က ခါးထောက်ကာ ဆိုလိုက်သည်။

"သြော်.....ဟုတ်လား။ အာ့ဆိုဘာလို့ စင်ပေါ်တင်လိုက်တာလဲ"

ခွန်းစည်သာလည်း ရေစင်ဘက် မျက်နှာမူထားရာမှ ဝေဖန်ရေးဆင်းနေသော ရဲမာန်ခဘက် လှည့်ပြီး မော့ကြည့်ကာ ပြန်ပြောလိုက်သည်။

"ဒီမှာ အများကြီး ရှုပ်နေလို့ ခဏတင်ထားတာ။ ဘာမှ သေချာမသိဘဲ ပြောချင်တာပဲအရင်။ သူများကို လိုက်အပြစ်တင်နေတာ မင်းကို smartဖြစ်မသွားစေဘူး...။ အဲ့တာသေချာမှတ်ထားအုံး"

"အွင်း......။ ဗြောင်ငြင်းပြန်ပြီ။ အကိုခုနက ရေဆေးပြီးတင်လိုက်တာ တွေ့သားပဲ...။ အမှားကို ဝန်မခံဘဲ ငြ်းနေတာက အကို့ကို smart ဖြစ်မသွားစေဘူး အဲ့တာသိလား ...။ ဟွင်..."

"နှာခေါင်းကို မလုပ်နဲ့...။ မင်းထက်အကြီးကို ဘာလို့ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ အမျိုးမျိုးလုပ်နေတာလဲ...."

My Cherished Person (Mini story)Where stories live. Discover now