အပိုင်း (၆)

1.7K 175 1
                                    

..............

"အင်္ကျီက ဒါပဲ ရှိတာလား ။ နည်းလိုက်တာ "

"အွန်းပေါ့ ငါက နင့်လို မင်းသမီးမှမဟုတ်တာပဲ ။ ဘယ် ၀ယ်နိုင်ပါ့မလဲ"

"နင့်ကိုငါ မြင်ဖူးပါတယ် "

"ရုပ်တူတာနေမှာပါ"

"နင်လည်း ဘုရင့်သမီးတော်ပဲမလား။ ဟို- ဘာပါလိမ့် အဲ့ ဘုရင်နာမည် ။ မျက်နှာမှာ ဓါးဒဏ်ရာကြီးနဲ့လေ "

"အွန်း  ဘုရင်တိုင်းလိုလို တိုက်ခိုက်ရင် ဒဏ်ရာရတတ်ကြတာပါပဲ"

"မဟုတ်ပါဘူး သူက ရုပ်ပိုဆိုးတာပါ"

"ငါ့ ခမည်းတော်က ချောပါတယ် နင်လူမှားနေတာဖြစ်မှာပါ"

"ဟ~ဟ တွေ့လား ငါပြောသားပဲ နင်က ဘုရင့်သမီး ပါဆို "

"အေးပါ နင်မှန်ပါတယ် အာ့ကြောင့် အင်္ကျီပေးမ၀တ်တော့ဘူး ဒီတိုင်းပဲနေလိုက်"

စုန်းမလေးလဲ ဗီရို တံခါးကိုသော့ခတ်လိုက်သည်။

" ဒီတိုင်း အိပ်ရမှာလား "

"ကြိုက်သလိုသာအိပ်"

"နင့် ကုတင်က ကျဥ်းကျဥ်းလေးဟာကို ၂ယောက်ဆံ့ပါ့မလား"

"ကုတင်ပေါ် မအိပ်ချင် ကြမ်းပြင်မှာအိပ်ပေါ့ "

"အေးစိမ့်နေတာပဲဟာကို"

မင်းသမီးလေးလည်း  ကုတင်ပေါ်တက်ကာ စောင်ထဲ ၀င်လိုက်သည်။

"အစောကြီးအိပ်မလို့လား ညစာ မစားတော့ဘူးလား"

"ညစာ???"

"စားစရာကို ပြောတာ 🤦‍♀️။ ငါ ဗိုက်ဆာလို့ စားဖိုဆောင်က စားစရာတစ်ခုခု သွားယူမလို့"

"အွန်းး စားမယ် "

စုန်းမလေးလည်း စားဖိုဆောင် သို့သွားပြီး  ကန်စွန်းဥပြုတ်များကို ယူလာလေသည်။ အခန်းထဲတွင် တဘတ်ခြုံထားပြီး ငိုမဲ့မဲ့နှင့် ငုတ်တုတ်ထိုင်နေသော မင်းသမီးလေးကို မြင်လိုက်ရသောအခါ

" ဘာလို့ လဲ တဘတ်ကြီးက ရေစိုနေတာလား"

"အွန်း ချမ်းတယ်"

"ရော့  ကန်စွန်းဥပြုတ် ပူပူလေးစားလိုက်  နွေးသွားအောင်လို့ "

Loveliest Witch (လှပသော စုန်းမ)Where stories live. Discover now