Part 6

398 65 2
                                    

Zawgyi:

ဘိုးဘွားရိပ်သာလေးအတွင်းတွင် ခန့်ညားနှင့် ရိုးရှင်း အဘိုးအဘွားတို့ကို နေ့ထမင်းဒါန ပြုမည်ဖြစ်၍ နေရာတကျ စီတန်းထိုင်နေကြသော အဘိုးအဘွားတို့၏ ပန်းကန်များထဲသို့ တာဝန်ရှိသူများနှင့်အတူ ထမင်းများ ကူခပ်ထည့်ပေးနေကြသည်။ အားလုံးထည့်ပေးပြီး အဘိုးအဘွားတို့ ထမင်းဟင်းများ သုံးဆောင်နေစဉ် ထမင်းစားဆောင်လေးသို့ ရဲမာန်နှင့် ခွန်းစည်သာရောက်လာခဲ့သည်။ နှစ်ဦးလုံးမှာ စတစ်ကော်လံ အဖြူလေးကို ယောပုဆိုးများဖြငိ့ တွဲဝတ်ဆင်ထားကြသည်။ ရဲမာန်က နီညိုရောင်ဝတ်ဆင်ထားပြီး ခွန်းစည်သာက အပြာရင့်ရောင်လေးဝတ်ဆင်ထားသည်။

ဝင်လာသည်နှင့် ထင်းကနဲဖြစ်နေသော သူတို့နှစ်ဦးကို ရိုးရှင်း လက်ပြကာ အနားသို့ ခေါ်လိုက်သည်။

ရဲမာန်က ခွန်းစည်သာကို အရင်သွားစေပြီး အဘိုးဘွား၏ စားပွဲများကို ရှောင်ကွင်းကာ ခွန်းစည်သာအနောက်မှ လိုက်သည်။

ရဲမာန်တို့ အနားရောက်လာသည်နှင့် ဦးစွာ ကြားရသည်မှာ ခန့်ညား၏ အဆဲစကားဖြစ်သည်။

"ခွေးကောင်!! ညနေမှ လာပါ့လား...။ အကုန်ပြီးမှလာရလား...."

"အိမ်ထောင်ကျပြီးမှ တအားရိုင်းလာတယ်။ ကျေးဇူးရှင်ကို ဖင်လှန်ပြနေတဲ့ကောင်...။
ရိုးရှင်း အဲ့ကောင်ကို မဆုံးမထားဘူးလား..."

"ကိုရဲ အားရင် ဆုံးမသွားပေးအုံး...။ ကျွန်တော်လည်း မနိုင်ဘူး"

"ရိုးရှင်း...။ ငါက မင်းဆုံးမတာပဲ ခံချင်တာလေ...."

ရိုးရှင်းလက်လေးကိုကိုင်ကာ အသံနိမ့်ပြောနေ၍ ရဲမာန်မျက်မှောင်ကြုံ့ရင်း နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

"အာ...အား...။ အမြင်ကတ်လိုက်တာ။ ရုပ်ကြမ်းကြီးနဲ့ ချွဲနေတာကွာ..။ ရွှံစရာကြီး..."

"ကိုရဲကလည်း ခန့်ညားကို အဲ့လိုမပြောပါနဲ့..."

ရိုးရှင်း၏ အပြောကြောင့် စိတ်ပျက်သည့်ပုံစံဖြင့် သက်ပြင်းချကာ ခွန်းစည်သာကိုလှည့်ကြည့်တော့ သူငယ်ချင်းသုံးယောက်၏ စကားတွေကို နားမလည်သည့်ပုံစံလေးဖြင့်ကြည့်နေရှာသောကြောင့်

My Cherished Person (Mini story)Where stories live. Discover now