အပိုင်း (၈)

1.6K 176 1
                                    

တောအုပ်ထဲ သို့ရောက်သော် ~

"ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ နေရာကြီးကို ဘာလုပ်ဖို့ လာတာလဲဟင်"

"ရှာစရာရှိလို့ပါ"

"ဘာကိုလဲ "

"နင် သိစရာမလိုတဲ့အရာမို့လို့မပြောပြတာပေါ့ "

"ရှေ့မှာ ~~~~" စုန်းမလေး၏လက်ကို လှမ်းဆွဲလိုက်သည်။

ချောက် ထဲကျရန် ၅လက်မခန့်အလို

"ဒီလောက်ချောက်အကြီး ကြီးကိုတောင်မှမမြင်ဘူးလား"

" နေရာတိုင်း သစ်ရွက်ခြောက်တွေ ချည်းပဲ ကို ဘယ်မြင်ပါ့မလဲ"

" အာ့ ထွီ မြွေတွေ အပြည့်ပါလား"

"အွန်းး ဒီနေရာက အဆင်မပြေဘူး အမြန်သွားရအောင်"

ချောက်ကိုကွေ့ပတ်ပြီးသွားပြီး နတ်ဆေးပင် ပေါက်မည့်နေရာကို ရှာလေသည်။

"ဟိုမှာ မြို့တစ်မြို့ထင်တယ်။ မြို့တံတိုင်းကြီးကိုလှမ်းမြင်နေရတယ်"

"အွန်းးဟုတ်တယ် ။ ငါတို့နေတဲ့နေရာနဲ့ အက်မြို့နဲ့ ကို ကူးရင် ၂၄ နာရီပဲ ကြာပေမယ့်။ ဒီတောထဲကိုရောက်ရင် ၂၄ နာရီ ဘယ်သူမှ အသက် မရှင်နိုင်လို့ ငါတို့ဆီလူတွေရောက်မလာကြတာပဲ"

"သြော် အက်လိုကို။ နင်ဘာရှာနေတာလဲ ငါ့ကိုမပြောပြဘူးလား"

"အွန်းး"

"မပြောလဲ နေဟာ ဒီနားမှာ နေခဲ့တော့မယ်။ နင်ဘာသာနင်ဆက်ရှာတော့ ငါပင်ပန်းလို့နားလိုက်အုံးမယ်"

"အွန်းး အာ့ဆို ဒီမှာပဲနေနော် ဘယ်မှလျှောက်မသွားနဲ့ တစ်ယောက်တည်းလမ်းပျောက်နေမယ်"

စုန်းမလေးလည်း နတ်ဆေးပင်ပေါက်မည့်နေရာတွင် လရောင် မကျမချင်းထိုင်စောင့်နေသည်။ လရောင် ကျရောက်လာသောအခါ ဆေးပင်ပေါက်လာပြီး ရွှေ၀ါရောင်သန်းနေသော ပန်းပွင့်တစ်ပွင့် ဖူးပွင့်လာသည်။ စုန်းမလေးလည်း ထိုပန်းပွင့်ကိုခူးပြီး အိတ်ထဲထည့်လိုက်သည်။

××××××××××

"အိပ်ပျော်နေတာလား"

မင်းသမီးလေးလည်း နိုးလာပြီး အိပ်ချင်မူးတူးဖြင့်
"အွန်းး ရှာလို့တွေ့ပြီလား ပြန်ရအောင်လေ"

Loveliest Witch (လှပသော စုန်းမ)Donde viven las historias. Descúbrelo ahora