Unicode
မျက်လုံးနှစ်လုံးပွင့်လ်ို့နိုးလာတာ နဲ့ ငါ့ ရဲ့စိတ်နှင့်အတွေးက မနေ့ညက ကိစ္စဆီကိုရောက်နေတုန်းဘဲ။ရည်းစား စကားပြောခံရလို့ စမြုံပြန်တယ်ဆိုလဲ ထားပါတော့။ အခုဟာက ဘယ်လိုဖြစ်နေမှန်းက်ိုမသိတာ။ အဲ့နာမည်မသိသူဌေးသား က ငါ့ရှေ့မှာ ရုတ်တရက် ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းသလိုလို လုပ်သွားတာ ကို မကျေနပ်နိုင်။ လူနဲနဲဘဲ ရှိသေးလို့တော်သေးတာပေါ့။ ငါ့ဝန်ထမ်းရှေ့မှာ ဘယ်လို မျက်နှာပြရမလဲ မသိ။
အဲ့သူဌေးသားကို လမ်းမှာ မတော်လို့တွေ့ကြည့် ငါ့အကောင်းစားဖိနပ်နဲ့ ပိတ်ရိုက်ပစ်ဦးမယ်။
"အဲ့တော့ ဒီလက်ထပ်ခွင့်တောင်းတာ ကို လက်ခံမယ် မလား။ မင်း လက်ခံတယ် ဘဲ သဘောထားလိုက်ရင် မောင် တို့ နှစ်ယောက် အများကြီး ပျော်ရမှာဘဲနော် အပျော်ဆုံး က တော့ မောင် ဖြစ်နေမလားဘဲ။"
"ဟမ်..." ငါ တကယ် စွံ့အ သွားခဲ့တာ။ သူနဲ့ ငါနဲ့ ခုမှတွေ့ဖူးတာ ကို ဘာလို့ လက်ထပ်ခွင့်တောင်းရတာလဲ။ဒီလူရူးနေတာ လား။ရင်ထဲမှာလဲ ရင်ခုန်တာ မဟုတ်တာမှန်းငါသိတယ်။ဒါပေမဲ့ တလှပ်လှပ်နဲ့။
အခုထိလဲ မတ်တပ်ရပ်နေတဲ့ငါ့ဆီကို မျှော်လင့်နေတဲ့ အကြည့်နဲ့ စောင့်နေတာ။
ငါလဲ ပါးစပ် က တအမ်အမ်ဖြစ်နေတုန်း သူ့က မတ်တပ်ပြန်ရပ်ပြီး ဟက်ကနဲ ရီတယ်။ပြီးတော့ သူက ငါစိတ်တိုစေမယ့် စကားလုံးကိုရွေးပြောလိုက်တာဘဲ။
"အရမ်းလန့်သွားမှာဘဲ"
လန့်သွားတာပေါ့ မလန့်ဘဲ နေမလား။ ဒီလူ ထူးဆန်းအံ့ဖွယ်ဘဲ။ ငါလဲ သူ့ကို ရူးနေလားဆိုတဲ့ အကြည့်နှင့်ကြည့်လိုက်တော့ သူက ငါ့ကို ထပ်ပြောတယ်။
"ကျွန်တော် သရုပ်ဆောင်တာ ပီပြင်တယ်မလား"
"ဘာ..ဘာပြောတယ်" ငါ့အသံက အရမ်းကျယ်သွားတယ် ထင်တယ်။ ကျယ်သွားတာထက် စိတ်တ်ိုသွားတာ။ ဟုတ်တယ်လေ ခုမှ တွေ့ဖူးတယ်လူတယောက်ကို ဒီလို စ နောက်ပြီးပေါက်ကရ လာပြောနေရအောင် သူ အရမ်းအားယားနေလို့လား။ အလုပ်မရှိဘူးလား။ဟမ်?