အပိုင်း (၉)

1.7K 173 0
                                    

အိမ်ပြန်ရောက်သော် ~~
  
       မင်းသမီးလေးလည်း တညလုံး မအိပ်ဘဲ ခရီးနှင်လာရသောကြောင့် ပင်ပန်းကာ အိပ်ပျော်သွားသည်။ မင်းသမီးလေး အိပ်ပျော်နေစဥ်တွင် စုန်းမလေးလည်း ဆရာကြီးဆီ သွားပြီး တောအုပ်ထဲမှ ယူလာသော နတ်ပန်းပွင့်ကို ပေးလေသည်။

"ပင်ပန်းသွားပြီ ကောင်းကောင်းအနားယူလိုက်အုံး"

"မိုးလည်းလင်းနေပြီဆိုတော့ မနားတော့ပါဘူးအဖိုးရယ် ။ဆေးဖော်တာ လည်း ကူပေးချင်လို့။"

​ဆရာကြီးလည်း လက်တစ်ဖက်က စာအုပ်ကိုကိုင်ကာ လိုအပ်သောပစ္စည်းများကို ရှာဖွေပြီး ဆေးဖော်ခြင်းလုပ်ငန်းကို စလေသည်။ စုန်းမလေးလည်း ဘေးက ကူညီပေးသည်။

"သမီး အဖိုးကို အမှန်တိုင်းပြောလို့ရမလား"

"ဘာကိုလဲ အဖိုးရဲ့ "

"ခုတလော မူမမှန်တာတွေတွေ့နေလို့ပါ။ သမီးလေးက အရင်တုန်းကဆို အမြင်မကြည်တာနဲ့ စုန်းအတတ်တွေလည်း ခဏခဏ သုံးပြီးအပြစ်ပေးတာလေ ။ ပြီးတော့ ဟိုကောင်လေးကလွဲရင် ဘယ်သူ့ကိုမှ ကောင်းကောင်းမွန်မွန် မပြောဆို မဆက်ဆံတတ်တာပဲကို။ ခုတော့ပြောင်းလဲသွားသလိုပဲ။ မင်းသမီး နဲ့တွေ့တဲ့အချိန်တိုင်း နူးနူးညံ့ညံ့မိန်းကလေးတစ်ယောက်လိုမျိုး ပြောင်းသွားပြီး အရမ်းဂရုစိုက်ပေးနေတယ်လို့ အဖိုး ထင်နေတယ်။ မင်းသမီးလေးကို တကယ်ပဲ မေတ္တာ ရှိနေတာလား။"

"မဟုတ်ပါဘူးအဖိုးရဲ့။ သမီး သူ့ကို မကြိုက်ပါဘူး"

" အွန်းး မဟုတ်ရင် ပြီးတာပါပဲကွယ်။ သမီးသိတဲ့အတိုင်းပဲ သူက လူသားတစ်ယောက်ဆိုတာ ဒီမှာ ကြာကြာနေလို့မရသလို မင်းသမီးတစ်ပါးလည်းဖြစ်နေတဲ့ အတွက် သူနဲ့ပတ်သက်မိရင် သမီးအတွက် အန္တရာယ်ရှိနိုင်တယ်။ သူ့ရဲ့ မိသားစု၀င်တွေက သမီးရဲ့ ခမည်းတော်နဲ့ အဆက်အသွယ် တွေရှိနေရင် လည်း ပြဿနာတွေက ရှုပ်ကုန်မယ်"

"ဟုတ် သမီးနားလည်ပါတယ်"

"ပြီးတော့ သမီးရဲ့ကောင်လေး နဲ့ပဲ တစ်သက်လုံးအတူနေသွားမယ်လို့ အဖိုးကို ကတိပေးထားခဲ့သေးတာပဲမဟုတ်လား။ ဒီဆေးရည်ကို သောက်ပြီးလို့ သမီးကောင်လေးရဲ့ ၀ိညာဥ်သာနိုင်သွားရင် သူယောက်ျားလေးပြန်ဖြစ်သွားမှာပါ။ အက်အချိန်ကျ လက်ထပ်ပြီး ကလေးတွေမွေးပြီး ပျော်ရွှင်တဲ့မိသားစု ဘ၀လေး ကို တည်ဆောက်စေချင်တာ"

Loveliest Witch (လှပသော စုန်းမ)Donde viven las historias. Descúbrelo ahora