အမွတ္တရမ်ား(အမှတ်တရများ)

802 66 4
                                    

"""""""""""""

Phoenix Adventure park

ချင်းမိုင်မှာရှိတဲ့ နေရာတစ်ခု
စွန့်စားသွားလာချင်သူတွေအတွက်
အန္တရာယ်လည်းမဖြစ်စေပဲ အသည်းတအေးအေးနဲ့ဖြတ်ကျော်ရမယ့်စွန့်စားခန်းတွေရှိတဲ့နေရာ...

အမြင့်ကြောက်တတ်တဲ့ကောင်လေးက သူ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတယ်..
ပြီးတော့စူပုတ်ပုတ်နှင့် ပွစိပွစိရေရွတ်နေသေး...

"Khun တို့ ဘယ်လောက်ထိယူမလဲခင်ဗျာ....''

ဖြတ်ကျော်ရမယ့်နေရာအရေအတွက် အလိုက်ဈေးကလည်းကွာသည်

"အနည်းဆုံးကိုယူရအောင် Phi...
နော် ဒီတစ်ခုက ဆယ့်ကိုးခု တဲ့...
ဒါတောင်တော်တော်များနေပြီ...ကျွန်တော်တို့ဒီလောက်ပဲလုပ်ရအောင်
အချိန်လည်းသိပ်မရှိတော့ဘူးဆိုတော့...နော် Phi....''

မျက်နှာငယ်လေးလုပ်ပြီးပြောလိုက်တော့ သူ့ခေါင်းကိုနှစ်သိမ့်သလိုခပ်ဖွဖွပုတ်လာသည်..
ပြီးတော့ မသင်္ကာစရာကြီးပြုံးသည်

မွေးနေ့မို့လျှောက်လည်ကြမယ်ဆိုပြီးခေါ်လာတဲ့နေရာက Adventure park တဲ့...

လုပ်ထုံးလုပ်နည်းတွေအဆင့်ဆင့်နှင့် ကစားနည်းတိုင်းကို ကိုယ်တိုင်သဘောကျလို့လုပ်ဆောင်ပါသည်ဆိုတာမျိုးလည်း စာချုပ်မှာလက်မှတ်ထိုးရသည်..

အတားအဆီးတွေကိုဖြတ်ကျော်နေတုန်း ကျန်းမာရေးကြောင့်တစ်ခုခုဆိးုရွားတာဖြစ်ခဲ့လျှင် ဒီနေရာနှင့်လုံးဝမသက်ဆိုင်ပါဆိုတာမျိုးပေါ့..

နှလုံးခွဲစိတ်ထားသူတွေ နှလုံးရောဂါရှိသူတွေ
အမောမခံနိုင်သူတွေ ရင်ကြပ်ရောဂါရှိသူ အဝလွန်သူ
အမြင့်ကြောက်တတ်သူ ထိုသူတွေပါဝင်ကစားဖို့မသင့်ပါ...
မကစားရပါ လို့စည်းကမ်းချက်ပါပါရက်ကယ်နှင့်....

စာချုပ်ထဲမှာ အမြင့်ကြောက်တတ်သူ တွေ မကစားရဘူး လို့ပါနေပေမယ့်ယောက်ျားရင့်မာကြီးကအမြင့်ကြောက်တယ်ဆိုရင်လူရယ်စရာဖြစ်နေမှာမို့တွန့်ဆုတ်ဆုတ်နဲ့ပဲလက်မှတ်ထိုးခဲ့တာ...

"ဒီတစ်ခုယူမယ်...''

အဆုံးသတ်အမိန့်ချမှတ်လိုက်တဲ့ အရေအတွက်ကိုကြည့်လိုက်တော့လေးဆယ့်ငါးခု တဲ့...
သေရော..
အဲ့ဒါဒီမှာရှိသမျှစွန့်စားခန်းအကုန်ပဲလေ...

Rebirth for LoveNơi câu chuyện tồn tại. Hãy khám phá bây giờ