ep4

641 83 13
                                    

#unicode

သိပ်ကိုဆွဲဆောင်တတ်တဲ့
ကျွန်တော့်ရဲ့ အမြတ်နိုးဆုံး
ခရမ်းရောင်လိပ်ပြာငယ် ..

နှုတ်ခမ်းနှစ်ခုဖွဖွချင်းထိကပ်ပြီး၊
ဖယ်ခွာနေတုန်းမှာ လိပ်ပြာလေးက
ကျွန်တော့်အနက်ရောင်ရှပ်အင်္ကျီက
နက်ခ်ကတိုင်ကို ဆွဲထားလိုက်တာမို့၊
ဖယ်ခွာချင်သလောက်
အနေအထားကိုမရောက်သေးဘဲ
အသက်ရှူသံတွေရောယှက်နေတဲ့
အခြေအနေမှာပဲ ရှိနေသေး၏။

" ခင်ဗျား ကျွန်တော့်ကိုနမ်းတာက
မွေးကင်းစကလေးကို popo ပေးရုံ
ကျနေတာပဲ .. "

နီးကပ်နေတဲ့ကျွန်တော့်မျက်နှာကို
လာစိုက်ကြည့်ပြီး၊အသည်းယားဖွယ်
အမူအရာနဲ့ပြောလာတဲ့ ကောင်လေး
သည် တကယ့်ကိုမွေးကင်းစ
ကလေးလေးတစ်ယောက်လို
မျက်နှာလေးက ဝင်းမွတ်နုဖက်နေ၏။

" ချစ်တယ် ..ပတ် ဂျီ မင်  "

ပါးပြင်နုနုကို လက်ဖဝါးတစ်ဖက်နဲ့
အသာထိတွေ့လိုက်ရင်း၊သိပ်ကို
အသုံးနည်းတဲ့စကားလုံးကို ထို
ကောင်လေးအား တိုးတိုးလေး
ပြောပြမိသည်။

လက်တွေ့လောကမှာက
အချစ်ဆိုတာ ..
မင်းပါဝင်သရုပ်ဆောင်ခဲ့တဲ့
ဇာတ်လမ်းတွေလို မဟုတ်ဘူး
ကလေးလေး ..။
အများကြီး အများကြီး
ပိုပြီးရှုပ်ထွေးတယ် ..။

      ☘☘️ M A R I P O S A ☘️☘️

ထိုယနေ့ည ..
တစ်နည်းအားဖြင့် အခင်းဖြစ်ပွားချိန်၌ဖြစ်၏။ ...

ညခင်းအချိန် ၈ နာရီဖြစ်ပြီမို့
ဆရာဝန်လေးဂင်ဒိုဂျင်း
ဂျူတီလဲပြီးတာနဲ့၊သူချစ်ရတဲ့
မိန်းကလေးဆီကိုသွားဖို့ စိတ်ကူး
လိုက်သည်။ထို့ကြောင့် ကားပါကင်
အထပ်ဆီ ဆင်းလာရင်းနဲ့
လက်ကိုင်ဖုန်းကိုဖွင့်ကာ'honey'
ဟုမှတ်ထားလေတဲ့ contact လေးကို
ဆက်သွယ်လိုက်သည်။

" ကိုယ် ဟန်နီ့ဆီအခုပဲ လာတော့
မလို့ .."

တစ်ဖက်ကမိန်းကလေးက ဘာပြန်
ပြောလဲတော့မသိ။ဆရာဝန်လေးက
နွေးထွေးစွာထပ်ပြုံးသည်။

" နေမကောင်းမှန်းသိလို့လာရမှာပေါ့
ဟန်နီရဲ့ .. မင်းလေးရဲ့ချစ်သူ
ကိုယ်က ဆရာဝန်တစ်ယောက်
ဆိုတာမေ့နေပြီလား ..."

M A R I P O S A { Completed }Место, где живут истории. Откройте их для себя