၂၀၁၃ ခုနစ်.....
"ဂျောင်ဆူး..
နေမကောင်းဘူးလား.."လည်ပင်းနာနေသောကြောင့် စားပွဲတွင် ခေါင်းတင်ကာ အိပ်နေသော ဂျောင်ဆူးထံသို့ လာမေးသည်က ဘတ်ခ်ဟွန်း ပင်.
အေးနေသော ရာသီဥတုကြောင့် ထင်သည်.
တကိုယ်လုံးကို စောင်ကြီး လွှားကာခြုံထားသေးသည်.ဘတ်ခ်ဟွန်း နှင့် ဂျောင်ဆူး ရင်းနှီးသည်က မကြာသေးပေမယ့် ဘတ်ခ်ဟွန်း ၏ အရောတဝင်နေတတ်မှု နှင့် အပေါင်းအသင်းဆန့်မှုတို့ကြောင့် ကျောင်းကလွှတ်သော ခရစ်စမတ်လေ့လာရေး ခရီးအပြန်တွင် ဂျောင်ဆူးနှင့် ဘတ်ခ် ရင်းနှီးသွားခဲ့သည်.
ဘယ္သူက စပြီး ရင်းနှီးမှုကို အစပျိုးခဲ့သည် မသိပေမယ့် ဂျောင်ဆူး ဘတ်ခ်ဟွန်းအား သတိပြုမိချိန်တွင်တော့ ဂျောင်ဆူးနှင့် ဘတ်ခ်ဟွန်းသည် အတော်ပင် နီးကပ်နေခဲ့ပြီဖြစ်သည်.
သာမန်သူငယ်ချင်းတွေမျှမကအောင် ရင်းနှီးနေပြီဖြစ်သည်.ဂျောင်ဆူးနှင့် အတန်းမတူသော်ငြားလည်း အားလပ်ချိန်ရတိုင်း ဂျောင်ဆူးဆီသို့ လာတတ်သော ဘတ်ခ်ဟွန်းကြောင့် အတန်းထဲရှိ ဂျောင်ဆူး၏ အပေါင်းအသင်းများ နှင့်ပင် ရင်းနှီးနေပြီး ဖြစ်သည်.
ခုလည်း စာမေးပွဲ နီးပြီဖြစ်၍ ဘာသာရပ်သင်ဆရာ ဆရာမမ်ားက စုပေါင်းကာခေါ်သော ညပိုင်း အချိန်ပိုင်းစာသင်ဝိုင်းတွင် မုန့်စားဆင်းချိန် ခဏနားသည်နှင့် ဂျောင်ဆူးဆီသို့ လာခြင်းဖြစ်သည်.
"ဘတ်ခ်ဟွန်း ငြိမ်ငြိမ်နေနော်.
ငါ စိတ်မကြည်ဘူး...
မျက်စိနောက်လာရင် တကယ်ဒေါသထွက်မှာ..."စက္ကန့်ဝက်မျှပင် ငြိမ်ငြိမ်မနေတတ်သော ဘတ်ခ်ဟွန်း အကြောင်းကို သိ၍ ဂျောင်ဆူး ကြိုကာ သတိပေးလေတော့ မျက်ကလူးဆန်ပြာနှင့် ဂျောင်ဆူးနား ကပ်လာသည်.
"ဟမ်...ဘာလို့လဲ..
ဘာကို စိတ်မကြည်တာလဲ....
နေမကောင်းတာလား..."ပါးစပ်ကလည်း မေးကာ လက်ကလည်း ဂျောင်ဆူးနဖူးပေါ် တပြိုင်နက်စမ်းသည့် ဘတ်ခ်ဟွန်းသည် ကိုယ်ငွေ့နွေးနွေးသာ ရှိသော ဂျောင်ဆူး ကို ကြည့်လာကာ
"ဘာဖြစ်နေတာလဲဟင်....."
ဟု ပါပီမျက်လုံးလေးများနှင့် မေးလေသည်.