အပိုင်း (၁၀) 16+

2.9K 182 1
                                    

စုန်းမလေးသည် စားဖိုဆောင်သို့သွားပြီး မနက်စာစားပြီးသည်နှင့် မင်းသမီးလေးအတွက်အစားအစာနှင့်ရေ များယူလာကာ အခန်းထဲသို့၀င်လာသည်။ သို့သော် အခန်းထဲတွင်မည်သူမျှရှိမနေ။ ရေကန်ဘက်သွားကြည့်သောအခါ ငြိမ်းချမ်းရေးကျင့်စဥ် လေ့ကျင့်နေသော မင်းသမီးလေးကို မြင်လေသည်။

"အဟမ်း အဟမ်း ~~ ဗိုက်မဆာဘူးလား။ မနက်စာ ယူလာခဲ့တယ် စားလိုက်အုံး"

"ခုမှပဲ နှမတော်ရဲ့ ရုပ်ကလေးကို မြင်ရတော့တယ်"

"သြော်~ အကိုတော်ပဲ"

"ဒီအတောအတွင်းအဆင်ပြေရဲ့လား နှမတော်။ "

"ပြေပါတယ် အကိုတော်ရဲ့။ ကိုယ့်ကိုကိုယ်သာ စိတ်ပူပါ"

" အကိုတော် ပိတ်မိနေတာ ဘယ်နှရက်တောင်ရှိသွားပြီလဲ။ ဒီနေ့ကရော ဘာနေ့လဲ"

"ဒီနေ့က လပြည့်ကျော် ၃ ရက်နေ့တောင်ရှိနေပြီ အကိုတော်ရဲ့"

"အဲ့တာဆို နှမတော်ရဲ့ မွေးနေ့တောင်ကျော်သွားပြီပဲ"

"ဒီတိုင်းလေးကျော်သွားတာပဲကောင်းပါတယ်"

" အသက် ၂၀ ပြည့်ပြီးပြီဆိုတော့ အကိုတော်တို့ လက်ထပ်လို့ရပြီပေါ့နော်"

"အခုတော့မရသေးဘူးလေ ။ အကိုတော် အစစ်မှမဟုတ်သေးတာ။ အာ့ကြောင့် မယူချင်သေးဘူး"

"ဟုတ်ပါပြီ။ ဒါနဲ့ ဘာ တွေအကြောင်းထူးသေးလဲ "

" ဆေးတော့ဖော် နေပြီ။ အဲ့ဆေးသောက်ပြီးရင် အားကြီးတဲ့ ၀ိညာဥ်ကအနိုင်ရမယ်တဲ့။ အားနည်းတဲ့၀ိညာဥ်က သေသွားမယ်တဲ့ "

" အက်လိုဆို မိုက်ပြီ။ မင်းသမီးရဲ့ ၀ိညာဥ်က ပရောဂ သင့်ထားတော့ အားနည်းနေမှာ ။ အဲ့တာကြောင့် ခုနက သူ့ကိုအကိုတော်နိုင်ထားလို့ လေ့ကျင့်ရေးပြန်ဆင်းနိုင်နေတာ။ ပြီးတော့ ၀ိညာဥ်ကို ပရောဂသင့်တယ် ဆိုတာမျိုးက နှစ်ပေါင်းများစွာကြာအောင် ကုသမှ ပြန်ကောင်းတာမျိုးလေ"

"ခုသူက အရမ်းအားနည်းနေတာလားဟင်"

"အရမ်းတော့ မဟုတ်ဘူး။ "

"အဖိုးက သူ့ကိုပြန်မတိုက်ဖို့ မှာထားတယ်ဆို"

"နှမတော်ကို လွမ်းနေလို့ပါ "

Loveliest Witch (လှပသော စုန်းမ)Hikayelerin yaşadığı yer. Şimdi keşfedin