ဤသည်မှာ ၀ူရှင်းကျီဘ၀တလျှောက်လုံးတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ခြင်းပင်ဖြစ်လေသည် ။
ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းအချိန်များကထဲက သူနှစ်ခြိုက်စွာအိပ်ပျော်သည်ဆိုတာမရှိခဲ့တော့ပေ ။ ယခုမနက်အိပ်ယာထပြီးနောက် သူအရမ်းကိုလန်းဆန်းတက်ကြွနေတာကိုခံစားမိလေသည် ။ သူ့ခန္ဓာကိုယ်ထဲမှာရှိသည့်မကောင်းသည့်အညစ်အကြေးမှန်သမျှကင်းစင်သွားသလိုမျိုး ပေါ့ပါးလန်းဆန်းနေလေ၏ ။
မနက်စာစားပြီးနောက် တရားရုံးတွင်အစီခံစာတင်ရန်အချိန်မရောက်သေးတာကိုသိလိုက်လေသည် ။ ထို့ကြောင့်သူ ထိုပုံ၅ပုံကို မနေ့ညကကဲ့သို့ထပ်ခါတလဲလဲပြန်ကြည့်တော့သည် ။ ထိုသို့ကြည့်နေရင်းသူ့ခေါင်းထဲတွင် အတွေးတခုပေါ်လာလေသည် ။
' ငါရော ငါ့ရဲ့ဖွားဖက်တော်ပုံတွေကို ပုံဆွဲပြီးပို့ပေးလိုက်ရမလား ' ဒါကို သူတကယ်ရောလုပ်နိုင်ပါ့မလား ။ ဒါပေမယ့် ...... ဟူး ... သူအသက်ကိုပြင်းပြင်းရှူထုတ်လိုက်၏ ။ ပြီးနောက် အထပ်လိုက်စုထားသော ပုံ၅ပုံကိုထပ်၍သပ်သပ်ရပ်ရပ်လုပ်လိုက်ပြီး ဂရုတစိုက်ဖြင့် ဘာမှမရှိသည့် ကြိမ်သေတ္တာလေးထဲထည့်လိုက်သည် ။ ပြီးနောက် ပိုးမွှားတွေအတွင်းထဲမ၀င်နိုင်ရန်အတွက် အမွှေးနံ့သာအိတ်လေးပါအပေါ်ကနေတင်ပြီးဖိထားလိုက်သည် ။
ထို့နောက် သူဖန်းစာစောင်ကို ကောက်ယူလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်တော့သည် ။
မနေ့ညကအတွေ့အကြုံကသူ့အတွက်ဥာဏ်အလင်းပွင့်သွားသလိုပါပဲ ။ ၀ူရှင်းကျီရုတ်တရက်နားလည်သွားသည် ။ သူရှင်သန်ရာကမ္ဘာကြီးကသူထင်ထားထက် စိတ်ဝင်စားဖို့ကောင်းသည့်အရာအများအပြားရှိ၏ ။ သူဒါတွေကိုမစမ်းသပ်ပဲနေမည်ဆိုပါလျှင် အလဟဿဖြစ်သွားလိမ့်မည် ။
ဖန်းစာစောင်တွင်ပါရှိသောလူပေါင်းမှာ၁၀၀ကျော်ရှိပြီးတော့ လူတိုင်းကထူးခြားသောဝိသေသရှိသည့် သူများမဟုတ်သော်လည်း သူတို့တွေအားလုံးကအားကိုးအားထားပြုချင်စဖွယ်လူများဖြစ်ကြပေသည် ။ ပထမဆုံးတော့ သူကသူ့ဘ၀တလျှောက်လုံးသူနှင့်တူတူရှိပြီး သူပြောချင်သည့်အချိန်တိုင်းစကားပြောဆိုနိုင်သည့်လူတယောက်ကို ရှာချင်ခဲ့တာကြောင့်သူသေချာဂရုတစိုက်နှင့်ရွေးချယ်ခဲ့ခြင်းဖြစ်၏ ။
ESTÁS LEYENDO
မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )
HumorStory Title မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) Type Web Novel (CN) Genre Comedy , Romance , Yaoi Author Hei Dan Bai English Translators Crd to Vipnovel E transalator Status ...