အပိုင်း (၁၂)

1.9K 164 0
                                    

           မင်းသမီးလေးလည်း  သူမ လက်ထပ်ရမည့် ဘုရင်ရှိရာ တိုင်းပြည်သို့ မိဖုရားလောင်းအနေနှင့် သွားရောက်ရလေသည်။

"ငါ ဒီနေရာကို ရင်းရင်းနှီးနှီးသိပါတယ်။ ဘယ်နေရာပါလိမ့်။"

မြို့ထဲသို့ရောက်သော်~ ​ေ၀ါယာဥ် တံခါးကို ဖွင့်ကြည့်လိုက်သော အခါ 

××ဟို အရစ်သန်တဲ့ မြို့စားမင်းပဲ။ သူ့ကောင်းမှုနဲ့ ငါ့အသဲလေးကို နမ်းခဲ့ရသေးတာပဲ  ဟိ~~။
အက်တာဆို ငါလက်ထပ်ရမယ့် ဘုရင်က သူ့ခမည်းတော်ပေါ့။ ဘာတွေဖြစ်ကုန်တာပါလိမ့် ။

နန်းတော်ထဲ သို့ရောက်သော်~ မိဖုရားများက ၀ိုင်း၀န်းကြိုဆိုကြလေသည်။ ထို့နောက် နန်းဆောင်သို့ခေါ်သွားပြီး အနားယူစေသည်။

ဘုရင်ကြီးလည်း မင်းသမီးလေး၏ နန်းတော်ဆောင်အတွင်းသို့ ၀င်လာလေသည်။
တစ်ဦးနှင့်တစ်ဦး အရိုအသေပေးပြီးနောက်

" မင်းသမီးလေး သက်တောင့်သက်သာ ရှိပါရဲ့လား "

"ဟုတ် "

"မိဖုရား အဖြစ်တင်မြှောက်ချင်ပေမယ့် ။ မင်းက ငါ့ရဲ့ သမီးတော် ထက်တောင်ငယ် အုံးမယ်ထင်တယ်"

"ဟုတ် ၁နှစ်ပိုငယ်တာပါ။ ပြီးတော့ သူက အများကြီး ပိုလှပါတယ် "

"သမီးတော်နဲ့ ဆုံဖူးတယ်လား"

"ဆုံဖူးပါတယ် ။ အချိန်အတိုင်းအတာ တစ်ခုအထိ အတူတူ ရှိနေခဲ့တာပါ"

"သမီးတော်က အခု ဘယ်အရပ်ဒေသမှာ ရှိနေတာလဲ ။ ကျန်းမာရဲ့လား "

"ကျန်းမာပါတယ် ။ ဘုရင်ကြီးက ဘာလို့ သိချင်ရတာပါလဲ။ ခုထိ ကွပ်မျက် ချင်နေသေးတာလား"

"အဲ့အချိန်တုန်းက ငါ့ရဲ့ အကိုတော် နတ်ရွာစံသွားပြီး ငါကိုယ်တော်မြတ် ဘုရင် ဖြစ်လာခဲ့တယ်။ အကိုတော် နတ်ရွာစံတာက သူ့ရဲ့ ပရောဂ မကင်းခဲ့ဘူးလေ။ သူ့ရဲ့ စုန်း အတတ်တွေကြောင့် အစားအစာတွေအဆိပ်သင့်ခဲ့ရလို့ ငါ့ရဲ့အကို က သေခဲ့ရတာပါ။ အဲ့တာကြောင့် တိုင်းသူပြည်သားတွေက ၀ိုင်းပြီး အပြစ်ပြောကြ၊ သေမိန့် တောင်းဆို ကြ နဲ့မို့လို့။ အလျော့အပေါ့ဆုံးအပြစ်ဒဏ်အနေနဲ့ နယ်နှင်ဒဏ် ပေးလိုက်ရတာပါ။ အဲ့နောက်ပိုင်း သမီးလေးကို ရှာခဲ့ပေမယ့် အမြဲတမ်း ရှောင်တိမ်းနေခဲ့လို့ တစ်ခါမှ မတွေ့ခဲ့ရပါဘူး။သမီးတော်လေးကို  ကျန်းမာပါရဲ့လားဆိုပြီး နေ့တိုင်းစိတ်ပူနေခဲ့တာပါ"

Loveliest Witch (လှပသော စုန်းမ)Opowieści tętniące życiem. Odkryj je teraz