Episode-25

1K 132 7
                                    

ZAWGYI

Taehyung မင်းဘယ်တွေသွားနေတာလဲကွာ...

အပြင်ဘက်လောက၌ မှောင်ရိပ်လွှမ်းနေပြီဖြစ်သည်ကြောင့် နေ့ပျော်သောငှက်တို့သည် အိပ်တန်းတက်ရန်အဖို့ မိမိတို့၏ သက်ဆိုင်ရာအသိုက်အမြုံသို့ ပြန်သွားကြပြီဖြစ်၏။ထို့အတူ လူတန်းစားအသီးသီးတို့မှာလည်းမိမိတို့၏စိတ်ညစ်ညူးဖွယ် လုပ်ငန်းခွင်ထံမှ သာယာပျော်ရွှင်မှုအပြည့်ပေးစွမ်းနိုင်ပါမည့် မိသားစုထံပြန်လည်ရောက်ရှိနေကြပြီ။ဤသို့ဖြင့် အရာရာမှာ ပုံမှန်လည်ပတ်နေခဲ့ပါသော်လည်း ပုံမှန် မဟုတ်နိုင်သည်က Taehyung၏ပြန်အလာကို မျှော်နေသူChimရယ်ပါ။

အရင်နေ့တွေဆို ဒီအချိန်ပြန်ရောက်နေပါပြီ...ဘာဖြစ်လို့ ဒီနေ့ကျမှ အရမ်းနောက်ကျနေရတာလဲ...ဟာကွာ...

အထပ်မြင့်ပြတင်းပေါက်လေးတစ်နေရာမှ ခေါင်းလေးပြူကာ သူငယ်ချင်းဖြစ်သူပြန်အလာကိုမျှော်နေသောကောင်လေးအား ထိုနေ့ကတိုက်ရှေ့မှဖြတ်သွားသူတိုင်းမြင်နိုင်မည်ဖြစ်ပါသည်။Taehyungအား လုပ်ကြံသူရှိခဲ့သည်ကို Taehyung ပြောပြ၍သူသိခဲ့ရသည်လေ။ထို့အတွက်ကြောင့်လည်းအရမ်း စိတ်ပူနေရခြင်းပါ။အကယ်၍အန္တရာယ်တစ်ခုခုသာကြုံခဲ့ပါက အခက်တွေ့ရချည်ရဲ့။စိုးရိမ်စိတ်တို့ ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါမိသွားသည့် ဦးနှောက်၏ ခိုင်းစေမှုကြောင့် မိမိ ဖုန်း၏ ပထမဆုံးနေရာ၌မှတ်ထားသည့်နံပါတ်ကိုခေါ်ကြည့်တော့....

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်...

...မကြားချင်ဆုံးသောလူကြီးမင်းနှင့်သာတိုးသည့်အဖြစ်ရယ်။အရေးအကြောင်းဆိုလျှင် သူတို့နှင့်သာအမြဲတိုးနေရသည်မျိုး။ယခုTaehyungတစ်ယောက်တစ်ခုခုများဖြစ်နေပါပြီလား။

ကျစ်...ဘာဖြစ်လို့ဖုန်းကစက်ပိတ်ထားရတာလဲ....
ဟုတ်ပြီ..Hoseok..Hoseok hyung...

တွေး၍ အလိုမကျဖြစ်နေသည့်အဆုံး သူ တွေးမိသွားသည်က Hoseokကို။Hoseokနှင့်Taehyungသည်သူ့ထက် ဦးစွာခင်မင်ရင်းနှီးခဲ့ကြသူမျာဖြစ်သည်မို့ယခု သူ၏သူငယ်ချင်း
Taehyungသည် Hoseok နှင့်အတူ ရှိနေခြင်းမျိုးရော မဖြစ်နိုင်ပေဘူးလား။

Fate Or Fake? (Complete)Hikayelerin yaşadığı yer. Şimdi keşfedin