𝟧

1.2K 116 40
                                    

𝖴𝗇𝗂𝖼𝗈𝖽𝖾




' "မောင်လို့ခေါ်"

"ဟမ်!!"

"မဟမ် ခိုင်းဘူး မောင်လို့ဘဲ ခေါ်ခိုင်းတာ"

"ငါ..ငါ က ဘာလို့ မင်းကို အဲ့လို ခေါ်..ခေါ်မှာလဲ"

"ကျွန်တော် ရည်းစား စကားပြောထားပြီးပြီ အဲ့တော့ အစ်ကို ကျွန်တော့်ကို မောင် လို့ ခေါ်ရတော့မှာပေါ့ "

"ဟ ရည်းစား စကားပြောပြီးတိုင်း ရည်းစားဖြစ်ရအောင် မင်း ရူးနေတာလား ဦးနှောက် က လမ်းမှာထွက်ကျလာတာလား ဟမ်"

ရယ်လိုက်တယ်၊သူရယ်လိုက်တာဘဲ။အဲ့ကောင်လေး ရယ်တာ တခါမှ မမြင် ဖူးတာ ကြောင့် ငေးပြီး ကြောင်ကြည့်လိုက်တာ ဝန်ခံပါသည်။ ဒါပေမဲ့ သူ ရယ်တဲ့ အဓိပ္ပာယ်က လှောင်ရယ် တဲ့ သဘောကိုသက်ရောက်နေသည်။

ဦးနှောက်ထွက်ကျရင် အခုလို အသက်ရှင်ပြီး ချစ်ကြောင်းတွေ ပြောနိုင်ပါ့မလားလို့။

အဲ့ကောင်လေးက ဆက်ပြောသည်။

"ဦးနှောက်ထွက် ကျပြီးသေလဲ ကိစ္စမရှိဘူး၊ ကျွန်တော့် နှလုံးသား မသေ ရင် ရပြီ ဘာလို့လဲ သိလား"

"ငါက ဘယ်လို သိမှာလဲ အရူးရဲ့"

မေးခွန်းတွေ လာမေးနေရ အောင် အရမ်းအားယားနေတာ လား မသိဘူး အဲ့ကောင်လေးက။အင်းပေါ့လေ အားယားနေလို့ အလုပ်မရှိ အကိုင်မရှိ တဲ့ကောင်လေးက သူ့ကို ဖွန်လာကြောင်နေတာ မဆန်းပါဘူး

"နှလုံးသားထဲမှာ ခင်ဗျား နေနေ လို့လေ ၊ချစ်လွန်းလို့ ဥ ထား ရတာ "

"ဘာ ခင်ဗျားလဲ...မင်းနော်  ငါ့ကို အစ်ကို လို့ခေါ်လိုက် ခင်ဗျား လို့ခေါ်လိုက် နဲ့ လက်သီးစာ မိချင်နေပြီလား"

"Can't I get a kiss from you instead of fist?humm baby?"


"......."


"အခြားအကြောင်းစဉ်းစားတာ မလုပ်နဲ့။ ကျွန်တော့်အကြောင်း ကို ဘဲ ထမင်းစားရင် လဲ စဉ်းစား၊ အိပ်ရင်လဲ စဉ်းစား၊ ရေချိုးရင်လဲ စဉ်းစား ပေါ့ "

"မင်း..."

*ပြွတ်*

စကားပြန်ပြောဖို့ပြင်ဆင်ချိန်တောင်မရဘဲ ပါးပေါ်ကိုကျရောက်လာတဲ့ အနွေးဓာတ်ကြောင့် ရင်ဘတ်ထဲမှာ ရထားတွဲခုတ်မောင်းနေသလို။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now