အပိုင်း (၁၃) {THE END}

2.8K 193 7
                                    

              စုန်းမလေးလည်း ရုံးခန်းထဲတွင် အဖိုးဖြစ်သူအား ကူညီပေးနေစဥ်

"နေမကောင်းဘူးလားသမီးလေးရဲ့။ မျက်နှာကလည်းဖြူဖတ်ဖြူရော်နဲ့ "

"ကောင်းပါတယ် အဖိုး"

"စိတ်ထဲ နေမကောင်းဖြစ်နေတာထင်တယ်။ နားချင်နားလိုက်အုံးလေသမီး"

စုန်းမလေးလည်း အခန်းထဲ ၀င်ခွေလိုက် ထိုင်ပြီးမှိုင်နေလိုက်နှင့်
** ဘာလုပ်လုပ်စိတ်မပါပါ့လား။ ငါ ဘယ်လိုတောင်ဖြစ်နေတာပါလိမ့်။ သူ့ဆီသွားတွေ့လိုက်ရင်ကောင်းမလား။ ဆေးမသောက်ရသေးရင် အနည်းဆုံးတော့ သူ့ကိုနောက်ဆုံးအနေနဲ့ တစ်ခါ လောက် တွေ့ခွင့်ရမှာပဲမလား။ ဒီသဲကန္တာရလေးကို ဖြတ်လိုက်တာနဲ့ရောက်နေပြီပဲကို ။

စုန်းမလေးလည်း မင်းသမီးလေးနဲ့သွားတွေ့ရန် ပြင်ဆင်လေသည်။ ထို့နောက် ~

"နှမတော်...ဘယ်ကိုသွားဖို့ ပြင်နေတာလဲ"

"အကိုတော် ရောက်လာပြီလား"

စုန်းမလေးလည်း ​ပြေးဖက်လိုက်လေသည်။ မျက်ရည်များ မထိန်းနိုင်အောင်ကျလာပြီး ဖက်၍ငိုလေသည်။

"ဘာလို့လဲ နှမတော်ရဲ့။ မငိုပါနဲ့ကွယ်"

"------------" စုန်းမလေးလည်း ရင်ထဲစို့နင့်လာပြီး ဘာစကားမှမပြောနိုင်

"အကိုတော်ကို တွေ့လိုက်ရလို့ အရမ်းပျော်သွားလို့ ငိုတာလားဟင်။ အကိုတော့် ကို ကြည့်ပါအုံး။ နှမတော်ရဲ့ မျက်နှာလေးကို အကိုတော် ကြည့်ပါရစေအုံး လေ နော်~"

စုန်းမလေးလည်း မျက်ရည်များ ပြည့်နေသော မျက်၀န်းများဖြင့် အကိုတော့်အား ကြည့်နေလေသည်။

"ငိုနေတာကြည့်ပါအုံး ကလေးလေးကျလို့ "

စုန်းမလေး၏ ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်လေးများကို သုတ်ပေးလိုက်သည်။

စုန်းမလေးလည်း စိုက်ကြည့်နေပြီး ။
**တစ်ခုခုထူးဆန်းနေသလိုပဲ ။ အင်္ကျီအသစ်တွေဘာတွေနဲ့ပါလား။

"အကိုတော်က ရုပ်လည်းပြောင်းမသွားသေးဘူးနော်။ မင်းသမီးရုပ်နဲ့ ခုထိပဲ"

Loveliest Witch (လှပသော စုန်းမ)Hikayelerin yaşadığı yer. Şimdi keşfedin