နန်းတော်ထဲတွင် မင်းသမီးလေး၂ပါး အား လက်ထပ်ပေးရန်စီစဥ်နေကြသည်။
"ငါ မင်္ဂလာ၀တ်စုံကို ယောက်ျားလေးလို ၀တ်မှာနော် ။ နင်က ပိုလှတော့ ကောင်မလေးလိုပဲ ၀တ်"
"မရပါဘူး။ ငါ့ရဲ့နန်းတော်မှာ မင်္ဂလာဆောင် ရမှာဆိုတော့ ငါက မင်းသားလိုမျိုး ၀တ်ရမှာပေါ့။ နင်က ငါရွေးခြယ်တင်မြောက် လိုက်တဲ့ တခြားတိုင်းပြည်ကမင်းသမီးပဲလေ။ အဲ့တော့ နင်ပဲ မိန်းကလေးလို ၀တ်လိုက်"
မင်းသမီးလေးလည်း စုန်းမလေးအနားသို့ကပ်ကာ "bottom က bottomပဲ" ဟု တိုးတိုးလေးပြောလိုက်သည်။
စုန်းမလေးလည်း ရှက်သွား ပြီး ပါးလေးများ နီရဲလာသည်။
"နင်တော့ သေတော့မယ်"မင်းသမီးလေးလည်း နန်းဆောင်ထဲ ပတ်ပြေးနေပြီး စုန်းမလေးလည်း နောက်က ပြေးလိုက်နေလေသည်။
ဘုရင်၂ပါးလည်း တစ်ဦးနှင့် တစ်ဦးကျီစယ်ကာ စနောက်နေကြသော မင်းသမီးလေး ၂ပါးကို ကြည့်နေရင်း
"တကယ့် ကလေးတွေလိုပဲ"
"သူတို့၂ယောက် အဲ့လိုအမြဲ ချစ်နေကြပါစေလို့ပဲ ဆုတောင်းရတော့မှာပါပဲ"
"သမီးတော်လေးက စုန်းဖြစ်မှန်းသိလျက်နဲ့ မင်းသမီးလေးနဲ့ သဘောတူပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
"မဟုတ်တာ ဘုရင်ကြီးရယ်။ ကျွန်တော်ကသာ အားနာနေရမှာပါ"
" မင်းသမီး၂ပါးကို လက်ထပ်ပြီးရင် ဒီတိုင်းပြည်မှာပဲ ထားချင်တယ်။ ပြီးရင်သူတို့ကို ရာထူးခန့်အပ်ပြီး နန်းတော်ထဲမှာ အထိုင်ကျအောင်လုပ်ပေးချင်တယ် ။ ဘုရင်ကြီး သဘောကရော"
"ကျွန်တော့် အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိပါဘူး"
ထို့နောက် နှစ်ဖက် ဆွေမျိုးများပါ ရောက်ရှိလာကြပြီး မင်းသမီး ၂ပါး ၏ မင်္ဂလာပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ကြလေသည်။ ။
...............................................
Thank YOU for reading My Fiction🥰
🌈❤️🧡💛💚💙💜🌈
31.8.2020 ~ 9.9.2020
VOUS LISEZ
Loveliest Witch (လှပသော စုန်းမ)
Fiction générale"အသက် ၁၉နှစ်အရွယ် ချောမောလှပတဲ့ စုန်းမလေး နဲ့ မင်းသမီးလေးတို့ ရဲ့ ဆန်းကြယ်တဲ့တွေ့ဆုံမှု နဲ့ ထူးဆန်းလှတဲ့ အချစ်ဆိုတဲ့အရာ" #Romance #GL #Lesbian