Part 9 (1)

379 57 0
                                    

Zawgyi:

>>>>>လွန်ခဲ့သော လေးရက်ဆီသို့<<<<<<

အကို့ကို ဖွင့်ပြောပြီးသည့် နောက်နေ့မှာ ကျွန်တော် အကို့ဆီမသွားဖို့ ဆုံးဖြတ်ထားခဲ့သည်။ အကို့ရင်ထဲမှာ ကလိကလိဖြစ်နေအောင် ထားထားချင်လို့။ အကို့ဘက်က စပြီး ဆက်သွယ်တာခံချင်လို့်။

အကိုကို စချင် နောက်ချင်လို့သာ မတွေ့ပဲနေရတယ်။ တကယ်တမ်း နစ်နာသူက ကိုယ် ကိုယ်တိုင်ပဲ ဖြစ်နေခဲ့တယ်။ အရင်ရက်တွေဆို တစ်နာရီခြားတစ်ခါလောက် အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းခေါ်နေကြ။ လူမတွေ့ရသေးလည်း အသံကြားရတော့ နည်းနည်း အလွမ်းပြေလို့။ အခုတော့ အသံလည်း မကြားရ တွေ့လည်း မတွေ့ရသည်မို့ လူက နေမထိမထိုင်သာ။

ငါးရက်လောက် မဆက်သွယ်ပဲ နေပစ်မည်ဟု ဆုံးဖြတ်ထားကာမှ အခု တစ်ရက်သာ ရှိသေး အလွမ်းဓာတ်က အတော်ပင် ကြီးစိုးနေပြီ။ ထို့ကြောင့် အလွမ်းဓာတ်ဖြေရန် အကို့သင်တန်း၏ မလှမ်းမကမ်းတွင် အကို့ ကို ခိုးကြည့်ရသည်။ ကျွန်တော် ဖြစ်ပျက်ပုံတွေတော့ အကို သိမည်မဟုတ်။

နောက်တစ်ရက်တွင်လည်း အကို့ကို ဒီလိုပင် သွားချောင်းရသည်။ သူ့ဆီ နှစ်ရက်တောင် မလာသည်ကို ဖုန်းလေးတစ်ချက်တောင်မဆက်။ တော်တော်နေနိုင်သည့် ကိုဝလုံးလေး....။

သုံးရက်မြောက်နေ့တွင်လည်း ထိုသို့ပင်။ ဖုန်းမဆက်မိအောင်လည်း အမျိုးမျိုး ကြိုးစားခဲ့ရသည်။ အကို မသိအောင်လည်း သွားချောင်းရသေးသည်။ ဖြစ်နိုင်ရင် အကို့ဆီပြေးသွားပြီး ဖက်ထားချင်လိုက်သည်။ ကိုယ်ကသာ ဖြစ်ပျက်နေတာ။ သူကတော့ သူ့ပုံစံလေးအတိုင်းပင် သွားတယ် လာတယ် စားတယ် စာသင်တယ် အားလုံး ပုံမှန်တိုင်းပင်....။

ကိုယ်ကသာ ကမ္ဘာပျက်မတတ် လွမ်းနေရတာ။

.............

ဒီနေ့တော့ အကို့နောက် တကောက်ကောက်လိုက်ချောင်းပြီး အပြန် ခန့်ညားတို့နှင့် ဘီယာလေးသောက် လိုက် စကားတို့ဖောင်ဖွဲ့လိုက်နှင့် ၁၀နာရီလောက်မှ ရီဝေဝေဖြင့် အိမ်သို့ပြန်ရောက်သည်။

     ရဲမာန် ခြံထဲတွင် ဆိုင်ကယ်လေး ရပ်လိုက်ပြီး ပုံမှန်ခြေလှမ်းများဖြင့်သာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ အိမ်ထဲသို့ ဝင်လာသည်နှင့် ဧည့်ခန်းတွင် ဦးမြင့်မောင်သည် မိန့်မိန့်ကြီးထိုင်စောင့်နေသည်။

My Cherished Person (Mini story)Tempat cerita menjadi hidup. Temukan sekarang