(pls scroll down for zawgyi)
အရှေ့နန်းတော်ကနေ
သဝဏ်လွှာပါးလိုက်ပါတယ်။ဖတ်တော်မူလိုလျှင်လည်း
အရှင်ဆန္ဒဖြစ်ပြီးပယ်ချတော်မူလိုပါကလည်း
ဒီကအပြစ်သားမှာ
စောဒတက်ပိုင်ခွင့်မရှိတဲ့အပြင်စာလွှာဟာအရှင့်အနား
ရောက်မရောက်ဆိုတာတောင်
မရေရာသည်မို့ ဒီအပြစ်သားမှာ
မျှော်လင့်ချက်ခိုင်ခိုင်မာမာမရှိတော့ပါဘူး။-----------
"ကြင်ယာတော် ပတ်ခ်ချန်းယောလ်အား
ယခုချက်ချင်း အရှေ့ဘက်ရေခဲနန်းဆောင်ဆီ ပို့စေ။ မနက်ဖြန်မနက်မှာ ကြင်ယာတော်ကို နန်းတော်ရှေ့မှာ ကြိုးပေးသတ်စေ။ အမိန့်တော်။"အနောက်နန်းတော်ရဲ့ အလှဆုံးနဲ့အသာယာဆုံးနန်းဆောင်ဖြစ်(ခဲ့ဖူး)တဲ့ ကြင်ယာတော်ချန်းယောလ်ရဲ့ အဆောင်တော်မှာ ငိုရှိုက်သံတွေနဲ့ ဆူညံနေတယ်။
တံမြက်လှည်းနေကြအစေခံခံလေးဟာ အမိန့်တော်ကိုခေါင်းငုံနာခံရင်းနဲ့ တံမြက်စည်းရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အသံတိတ်မျက်ရည်ရည်ကျနေတယ်။ ကြင်ယာတော်ချန်းယောလ်ရဲ့ ဝေယာဝစ္စအဝဝကို တာဝန်ယူပေးရတဲ့အစေခံကောင်မလေးက ငိုရင်းရှိုက်ရင်း မေ့လဲလုမတတ်ဖြစ်နေသည်။
ဒီနန်းဆောင်ပိုင်ရှင်အတွက် သူတို့မှာ ယူကြုံးမရ ဝမ်းနည်းလို့မဆုံးဖြစ်နေရတယ်။ ကြင်ယာတော်ချန်းယောလ်ဟာ သူတို့အတွက် သားရဲကွင်းမဲ့တူတဲ့ နန်းတော်ထဲက အနွေးထွေးဆုံး အနူးညံ့ဆုံး ပန်စလေးတစ်ပွင့်ပဲ။ ကြင်ယာတော်များပြုံးလိုက်ရင် နွေဦးပန်းတွေထက်တောင်လှသေးတယ်လို့ ဝူဆောင်းနိုင်လုံးအနှံနာမည်
ကျော်သည်လေ။အဆောင်တော်တစ်ခုလုံး ဝမ်းနည်းနေကြတဲ့အချိန်မှာ ကြင်ယာတော်ဟာ နန်းဆောင်ထဲမှာ ဆိတ်ဆိတ်ကလေးထိုင်ပြီး စာလွှာတစ်စောင်ကို အပြီးသတ်ရေးသားနေခဲ့တယ်။
အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ ကြင်ယာတော်ဟာ အဖိုးတန်အဆင်တန်ဆာမဆင်ယင်ထားသော်ငြား မျိုးရိုးမြင့်ထဲကဆိုတာ သိသာလွန်းလှသည်။