Part 9(2)

397 64 2
                                    

Zawgyi:

       ကျေးငှက်တို့၏ တေးဆိုသံနှင့်အတူ မနက်အာရုံတက်ချိန်၌ ခွန်းစည်သာနိုးထလာခဲ့သည်။ နိုးလာသည်နှင့် မျက်လုံးလေးများအား လက်နှင့် ခပ်ပြင်းပြင်းပွတ်သတ်ကာ 'ဝါး' ခနဲ သန်းလိုက်သည်။ ပြီးမှ တစ်ခုခုကို သတိရကာ ဘေးကိုလှည့်ကြည့်မိသည်။ လှည့်ကြည့်လိုက်သော် ရဲမာန်ဟာ ရှိမနေခဲ့။

ဒီကောင်လေး ဘယ်ရောက်သွားပာလိမ့်....။

       ဆံသားနုနုတို့အား လက်ဖြင့် ထိုးဖွကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။ အခန်းပြင်ရောက်သည်နှင့် ဘေးဘီ ဝဲကြည့်ကာ ပျောက်နေသူလေးအား ရှာရသည်။ မီးဖိုချောင်ဆီမှ လွှင့်စင်လာသော အသံလေးတို့အား ကြားမှ အသံလာရာဆီ သွားကြည့်တော့ မီးဖိုခန်းထဲမှာ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေသည့် ကောင်လေး၏ ကျောပြင်ကို တွေ့ရသည်။

"ဘာလုပ်နေတာလဲ..."

ခွန်းစည်သာ အသံပြုတော့ ဒယ်အိုးထဲမှာ တစ်စုံတစ်ခုကို မွှေနေရာမှ လှည့်ကြည့်ကာ ပြုံးပြလာသည်။

"ထမင်းကြော်နေတာ...။ အကိုနိုးရင်စားဖို့"

"ဒုက္ခရှာလို့ကွာ။ အောက်ထပ်က လက္ဖက်ရည် ဆိုင်မှာ တစ်ခုခု ဝယ်စားလည်း ရတာကို"

"မတူဘူးလေ အကိုရဲ့။ ဒါက စေတနာတွေအပြည့်နဲ့ ချက်ထားတဲ့ဟာ။ ပြီးတော့ အိမ်ထမင်းအိမ်ဟင်းနဲ့ တခြား ဘာကိုမှ ယှဉ်လို့မရဘူး။ ဒါတွေကို အကိုမသိလောက်ပါဘူးဗျာ...။ အကိုက ဥာဏ်မှ မမှီတာ"

"ဥာဏ်မှီဖို့ မလိုပါဘူး။ ချောနေရင် ပြီးရော"

"ဟုတ်တာပေါ့..။ အကိုက သိပ်ချောတော့ ကျွန်တော်တောင် အကို့ကို...."

"ငါ ရေသွားချိုးတော့မယ်"

"ရှက်ပြီး မပြေးနဲ့လေဗျာ....။ ဒီမှာ ပြောလို့မပြီးသေးတာကို"

ရဲမာန် စကားကို ဖြတ်ပြောပြီး  ပြေးထွက်သွားသည့် ခွန်းစည်သာအား မကြားကြားအောင် လေသံမြှင့်၍ စ လိုက်သေးသည်။

ရဲမာန်လည်း အပြုံးတွေဝေစွာဖြင့် ခွန်းစည်သာအား လိုက်ကြည့်နေတော့သည်။

ဒီလိုပဲ.....တစ်နေ့တာကို အပြုံးတွေဖြင့် စတင်ဖြစ်ခဲ့သည်။

My Cherished Person (Mini story)Donde viven las historias. Descúbrelo ahora