Unicode
မိုးရွာတဲ့ သောကြာနေ့။
ရဲစခန်းငယ်လေးထဲမှာ အော်ဟစ်သံတွေနဲ့ပျါယာခတ်နေကြသည်။"တရားစွဲမယ် ဘယ်လိုမိဘကမွေးထားသလဲဟမ် မင်းမိဘကိုခေါ်လိုက်စမ်းပါ"
အသက်ကြီးကြီးမိန်းမတွေရဲ့စကားကိုနားမထောင်ချင်ဟန် ဘတ်ဟျွန်း မျက်လုံးမှိတ်ပြီးအိပ်နေလိုက်တယ်။
"ဒီကအကိုအုပ်ထိန်းသူကိုခေါ်ပေးပါ ကျေးဇူးပြုပြီး"
"ထားလိုက်တော့အကိုကြီး သူ့ဖုန်းထဲကလူတစ်ယောက်ခေါ်ထားလိုက်တယ်"
"ဒါဆိုလဲပြီးတာပဲ"ဘတ်ဟျွန်း လည်ပင်းမွှေးတွေထောင်ကုန်သည်မှာ ဖျင်းခနဲ။
"ဘယ်သူ့ကိုခေါ်တာလဲ"
သူ့စကားကြောင့် တာဝန်ယူထားတဲ့ရဲဝန်ထမ်းက မော့ကြည့်လာသည်။
"မောင်"
"ဘာရယ်"
"contactထဲမောင်ဆိုတဲ့လူကိုပါ ပြီးတော့ ကျစ် မင်းခြေထောက်ကိုချထားလိုက်!"စကားအဆုံးစကားပေါ်တင်ထားတဲ့ဘတ်ဟျွန်းခြေထောက်လဲတွန်းချခံလိုက်ရသည်။
"ကိုကို!!"
အေး ငါသေပြီ။
အရိုက်ခံရလို့မသေပဲ အဆူခံရလို့သေတော့မှာ။
ဘတ်ဟျွန်းမျက်လုံးကိုတင်းတင်းမှိတ်ထားလိုက်တယ်။ ခုမှတော့ ဘုရားတရုံပဲပေါ့။အလောတကြီးပြေးဝင်လာတဲ့ချန်ယောလ်က သူ့ကိုဒဏ်ရာရလားသေချာစစ်ဆေးပြီးမှခုံမှာဝင်ထိုင်တယ်။
"ကျေအေးဖို့ကိစ္စပြောချင်ပါတယ် နစ်နာသူက?"
"ဘာမှမကျေအေးပေးနိုင်ဘူး ထောင်ချကိုချပစ်မယ် သူများတန်ဖိုးထားပြီးမွေးထားရတဲ့သားလေးကို ဘယ်လောက်ရိုက်ထားသလဲမမြင်ဘူးလား!"ခုနမိန်းမကြီးက အော်လားဟစ်လားနဲ့တစ်စခန်းပြန်ထပြန်သည်။ချန်ယောလ်ကထိုင်ခုံကနေထကာ သူ့ခါးကိုညွတ်လိုက်ရင်း ခေါင်းငုံ့ပြီးတောင်းပန်တယ်။
"တောင်းပန်ပါတယ် ဆေးကုသမှုအတွက်လဲတာဝန်ယူပေးပါ့မယ် ကျေးဇူးပြုပြီးကျေအေးပေးပါ"
ဘတ်ဟျွန်းကတော့တကယ်ကိုသွေးတက်သွားရတာပဲ။
"မောင် မင်းဘာလုပ်တာလဲ!"
YOU ARE READING
614 [COMPLETE]
Fiksi PenggemarChanBaek Day အတွက်ရည်ရွယ်သည် 100% Romance #Romance #coverphoto_crd