Zawgyi
အပေးအယူမဆန်တဲ့နှလုံးသားက
ပြောသမျှကိုနာခံရင်း
ငေးကြည့်နေရုံနဲ့ကျေနပ်ခဲ့တယ်။
ဒါက ကျနော်ခဗျားကိုပေးတဲ့ သန့်ရှင်းသောချစ်ခြင်းဘဲလေ။×××××××××××××××××××××
ဦးမောင်သိန်းသည် ဂျပန်ရိုးရာ စားသောက်ဆိုင်တစ်ဆိုင်ထဲတွင်ထိုင်နေလေသည်။ရှေ့က ငါးအစိမ်းကိုဆော့နဲ့တို့လိုက်ပြီး ပါးစပ်တွင်းကို ဖြေးဖြေးချင်းထည့်လိုက်သည်။
"အဟမ်း..။စုံစမ်းရေးမှုးချုပ်ကြီး သုံးဆောင်ပါဦး..။"
"တိုတိုနဲ့လိုရင်းဘဲပြောကြတာပေါ့။ကျနော့်ကိုခေါ်တာ ကောင်းတဲ့ကိစ္စအကူအညီတောင်းဖို့တော့ မဟုတ်ဘူးထင်တယ်။"
"M ကုန်သွယ်ရေးနဲ့ ဖောင်ဒေးရှင်းဆောက်လုပ်ရေးကိစ္စကို အဲဒီဖက်က လိုက်နေတယ်လို့ သတင်းရပါတယ်။"
"အဲဒီတော့.."
"အာ..ကျနော်အမျိုးသမီးက ချင်းဒေသကလေ..ပန်းသီးပေါတဲ့ဒေသကဆိုတော့ စုံစမ်းရေးမှုးကြီးကို လက်ဆောင်ပေးဖို့တွေနေခဲ့တာ။ကားနောက်ဖုံးထဲမှာ ပန်းသီးသေတ္တာအပြည့်လုံလုံလောက်လောက်ထည့်ထားပါတယ်။"
"ငါက အဲဒါလေးရရုံနဲ့ ကျေနပ်မယ်ထင်ခဲ့တာလား။"
ဦးမောင်သိန်း ခပ်ယဲ့ယဲ့ရယ်လိုက်ပြီး ရေနွေးကြမ်းကို မော့သောက်လိုက်သည်။နဂိုကတည်းက လာဒ်ပေးလာဒ်ယူဆိုတာ ပေးလေ ရလေ လိုချင်လေပင်ဖြစ်ကြောင်းသူသိပြီးသား။
"ကျနော်ကရော M Groupရဲ့ MDနေရာရရုံနဲ့ကျေနပ်မယ်ထင်တာလား။ဆရာသမားဘက်ကိုသာ သေချာထိန်းပါ.."
"ဘာ...!!"
"ပုတ်နေတဲ့အခြမ်းရှိရင် ဖယ်ထုတ်ပစ်တာ ကျနော့်သဘာဝဘဲ။ခိုင်းတဲ့အတိုင်းသာလုပ်စမ်းပါ.."
ထိုသို့ပြောလိုက်မှ စုံစမ်းရေးမှုးချုပ်၏ မျက်နာသည် မာန်လျှော့သွားလေသည်။ထိုဂျပန်ဆိုင်မှ ပြန်လာပြီး ဈန်မင်းစောင့်နေသည့်ကားပေါ်ကို တက်လိုက်သည်။
"MDအတွက် ယူလာတာပါ။ကြည့်သင့်တယ်လို့ ထင်ပါတယ်။"
ဈန်မင်းပေးလာသော စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ ကိုယ်ရေးရာဇဝင်တစ်ခုထွက်လာသည်။
BINABASA MO ANG
You are My First Love (or) My Investigator
Romanceတွေ့ဆုံမှုတစ်ခုဟာ ခွဲခွာခြင်းရဲ့အစဆိုတဲ့အဓိပ္ပါယ်လို့ ငါသိလိုက်ရတာ ငါ့အချစ်ဦး မင်းကြောင့်ပါ။