ep 15

2.4K 214 0
                                    

"ဟေး သိပြီးကြပြီလား။ ငါတို့ E major က  ကောင်လေးတစ်ယောက် ကျောင်းနားမှာ ကားတိုက်မိမလိုဖြစ်လို့ ဆေးရုံကိုလိုက်ပို့ရတယ်တဲ့"

နေ့လယ် ထမင်းစားဆင်းချိန် ဆရာမထွက်သွားပြီးနောက် အခန်းထဲသို့ အရေးတကြီးနဲ့ ဝင်လာပြီးပြောနေတဲ့ မင်းထက်သာရဲ့ စကားကြောင့် သော်တာမှူးဝေလည်း အပြင်သွားဖို့ပြင်နေတာကို ခဏရပ်ပြီး နားစွင့်လိုက်မိသည်။

"အဲ့ကောင်လေးက ငါ့တို့ welcome တုန်းက king ရသွားတဲ့တစ်ယောက်လေ သိတယ်မလား"

'ဟမ် ထက်ဘုန်းရှိန်များလား'

"သူကအရမ်းကြီး ထိသွားတာလား"
သော်တာမှူးဝေက ဝင်မေးလိုက်တော့ မင်းထက်သာကလည် ပြန်ဖြေလေသည်။

"အဲ့တာတော့ ငါလည်း မသိဘူး။ ဒါပေမယ့် သူ့ကို ငါတို့ အခန်းထဲက အမထိုက်ထိုက်စံကပဲ ဆေးရုံလိုက်ပို့ပေးတာတဲ့လေ"

အဲ့ချိန် တခြားလူတွေကတော့ ဆက်ပြီး ထက်ဘုန်းရှိန်အကြောင်းကို ထပ်မေးနေကြပေမယ့် သော်တာမှူးဝေမှာတော့ ထိုက်ထိုက်စံက ဆေးရုံလိုက်ပို့တယ်လို့ ကြားပြီးကတည်းက နေရာအတိအကျကိုပြန်မေးပြီး ထိုက်ထိုက်စံနောက် လိုက်သွားဖို့ကိုသာ ပြင်တော့လေသည်။

'မထိုက်က ဘာမှမဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်။ သူ့စိတ်ထဲမှာ ဘာလို့မှန်းမသိ  မထိုက်ကို စိတ်ပူနေမိတုန်းပဲလေ'

×××××

"ဆရာ...။ ကျွန်မသားလေး အခြေအနေ ဘယ်လိုရှိလဲ ဆရာ"

"လူနာက shock နည်းနည်းရသွားလို့ မေ့လဲသွားတာပါ။ အခုတော့ သိပ်မစိုးရိမ်ရတော့ပါဘူး။ ဒါပေမယ့် လူနာက မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါ ရှိတာမို့ နောက်ဒီလို မဖြစ်အောင် သေချာတော့ ဂရုစိုက်စေချင်တယ်ဗျာ"

"ဟုတ်ကဲ့ပါ ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာရယ်"

ဒေါ်ခင်လေး တစ်ယောက် ဆရာဝန်ကြီးကို ခါးညွှတ်၍ ကျေးဇူးတင်စကား ဆိုပြီးနောက်တော့ လူနာကုတင်ပေါ်ထက် ဖြူဖျော့စွားလှဲနေတဲ့ သူ့သားလေးကိုကြည့်ပြီး မျက်ရည်ကျမိပြန်သည်။

သူ့သားလေး အခုလိုတွေ ဖြစ်နေရတာ သူ့အပြစ်မကင်းသလို ခံစားရသည်။ သူသာ သားလေးကို အမှန်တိုင်းပြောလိုက်ရင် သားလေးက အခုလို ခံစားနေရမှာမဟုတ်လောက်ဘူးလေ။

ME AFTER YOUDove le storie prendono vita. Scoprilo ora