ep 5

610 74 17
                                    

  #Unicode

☘️☘️☘️M A R I P O S A ☘️☘️☘️

ဆေးရုံအခန်းငယ်၌ လဲလျောင်း
နေသောဂင်ဒိုဂျင်း၏လက်ချောင်း
တို့က အနည်းငယ်လှုပ်ရှားလာသည်
ကို သူ့ရဲ့ချစ်သူမိန်းကလေး
သတိထားမိသွားတဲ့အခါ သူမ
အံ့သြဝမ်းသာမှုနဲ့အတူ လွန်စွာ
ပျော်ရွှင်သွားရသည် ။

" အစ်ကို .. သတိရပြီလားဟင် ..
မျက်လုံးဖွင့်ပါဦး ကိုရယ် .."

နဖူးပေါ်ကအရေးကြောင်းလေးတွေ
ရှုံ့တွလာပြီး၊အတော်ကြာမှေးစင်း
လျက်ရှိခဲ့တဲ့ မျက်ဝန်းတွေကိုဖွင့်
ဖို့ကြိုးစားနေတဲ့ ဂင်ဒိုဂျင်းကြောင့်
သူမပို၍စိတ်လှုပ်ရှားမိသည်။

" ဟန်နီ .. မင်း ..
မင်း နေမကောင်းဘူးဆို "

မျက်လုံးတွေဖွင့်ပြီး၊သူမကို မြင်မြင်
ချင်းမှာပဲ ထိုသို့နူးညံ့တဲ့စကားဆို
လာတဲ့ ချစ်သူကောင်လေးကြောင့်
သူမ ချက်ချင်းကိုရှိုက်၍ငိုမိသည်။

" အဖျားသက်သာပြီလား .."

" အစ်ကို ! အခု တို့ကိုစိတ်ပူ
ရမယ့်အချိန်လား ..ကိုယ့်ကိုကိုယ်
ပြန်ကြည့်ပါဦးလား အစ်ကိုရာ "

ဝမ်းဗိုက်မှာ ပတ်တီးဖြူအထပ်ထပ်
ရစ်ပတ်စည်းနှောင်ခံထားရပြီး၊
ဘယ်လောက်တောင် တဆစ်ဆစ်နဲ့
နာကျင်နေလိမ့်မလဲလို့
တွေးမိရင်တောင် ရင်ဘက်ထဲက
ပူလောင်ရလွန်းသည်။

" ကိုယ် အဆင်ပြေပါတယ် "

ဒါဟာ ကျွန်မစိတ်သက်သာဖို့ရာ
သူညာနေတာ။ကြည့်ဦးလေ။
လှဲနေရာကနေ ထထိုင်ဖို့တောင်
ဘယ်လောက်အားယူနေရသလဲ။

" အစ်ကိုအဆင်ပြေရင်တောင်
တို့တော့ အဆင်မပြေဘူး အစ်ကို။
အဲ့ဒီ့ ပတ်ဂျီမင်ဆိုတဲ့ကောင်ကို
ထောင်ချပစ်မှာ! တရားစွဲပစ်မှာ!
လူမုန်းများအောင်ကို လုပ်ပစ်ဦးမှာ"

ဒေါသနှင့်အတူ ကျနေတဲ့မျက်ရည်
တွေကိုတောင် ခပ်ကြမ်းကြမ်း
ဖယ်သုတ်မိလိုက်သည်။
အစ်ကို့ကို ဓားနဲ့ထိုးနေခဲ့တဲ့
ပတ်ဂျီမင်ရဲ့နောက်ကျောပုံစံက
ခေါင်းထဲမှာ အထင်းသားဝင်
ရောက်လာသည့်အခါ အသက်ရှူ
သံတွေပြင်းထန်လာပြီး
လည်ချောင်းဝမှာ တစ်ဆို့လာသည်။

M A R I P O S A { Completed }Opowieści tętniące życiem. Odkryj je teraz