အရှုံးမပေးပဲဆက်ပြီး ကြိုးစားမှာ မို့ ကိုယ့်ကြိုးစားမှုကိုယုံကြည်မယ့် နေ့ကိုစောင့်နေပါ့မယ် Baekhyun
"ဦးလေး ဂယ်ရီတို့ သိနေတယ်မို့လား"
"ဘာကိုလဲ ဦးလေးတို့က ဘာကိုသိရမှာလဲကွယ်"
"Chanyeol ဒီကိုရောက်နေတယ်ဆိုတာ ဦးလေးတို့နှစ်ယောက်သိနေတယ်မို့လား"
"အမှန်တိုင်းပြောပါ့မယ် ဦးလေးတို့လည်း မနေ့က ရွာဈေးတန်းဘက်ကို သွားရင်းနဲ့တွေ့ခဲ့တာ "
"ဒီနေ့သူလာမယ်ဆိုတာလည်း ကြိုသိနေတယ်ပေါ့"
"ဦးလေးတို့ကူညီပေးလိုက်တာပါ Chanyeol လေးက သားအပေါ် ချစ်နေသေးတယ်ဆိုတာ ဦးလေးတို့သိနေလို့ ကူညီပေးလိုက်တာပါ"
"ကျွန်တော်ကရော ကျွန်တော်နာကျဉ်ခဲ့ရတာတွေအတွက်ရော ကျွန်တော်က ဘာမှအရေးမပါဘူးလား?"
"အဲ့လိုမဟုတ်ပါဘူးကွယ် အဒေါ်တို့ကလည်း သားတို့နှစ်ယောက် အဆင်ပြေအောင်လို့ပါကွယ်"
"ဘာပဲဖြစ်ဖြစ်ဗျာ သူ့ကိုတွေ့ဖို့အဆင်သင့်မဖြစ်သေး"
******************
"ဦးလေးတို့နှစ်ယောက်ကို တစ်ခုလောက်အကူညီတောင်းပါရစေ"
"ဦးလေးတို့လုပ်ပေးနိုင်တဲ့ဟာဆို အကုန်လုပ်ပေးမယ်သား ဘာအကူအညီလိုလည်းပြော"
"ဒီရွာထဲမှာ ဂယ်ရီနဲ့ဂျီဟိုဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်အိမ်ကိုသိကြလား"
"သူတို့မျိုးရိုးနာမည်တွေမသိဘူးလား ဦးလေးတို့ရွာရဲ့ ဓလေ့လို့ပြောရမလား နာမည်ကို သိပ်ပြီးမှတ်လေ့မှတ်ထမရှိဘူး မျိုးရိုးနာမည်ကိုပဲမှတ်သားကြတာ များတယ်"
"ဂန် မျိုးရိုးနဲ့ ဆုန်းမျိုးရိုးပါ "
"အာ ဂန်မျိုးနွယ်ရဲ့ သား ဂယ်ရီကိုပြောတာ
လား ""ဟုတ်တယ် ဟုတ်တယ် သူတို့အိမ်ကိုသိကြလား"
"သိတာပေါ့ကွ ဂန်မျိုးရိုး ကိုတစ်ရွာလုံးသိကြတယ် သဘောကောင်းပြီး ရက်ရောတာလည်းပါတာပေါ့ကွာ မကြာခင်ကမှ ဂန်မိသားစုရဲ့ သားငယ်ပြန်ရောက်လာတာ ကောင်လေးတစ်ယောက်တောင်သူတို့နဲ့ပါလာ
သေးတယ် သူတို့အိမ်ကိုသွားချင်ရင်လွယ်ပါတယ်ကွယ် အိမ်ရှေ့ကလမ်းတိုင်းတည့်တည့်သွား ညာဘက်ကိုကွေ့တဲ့လမ်းကိုတွေ့လိမ့်မယ် လမ်းထောင့်က အိမ်လေးက ဂန်မျိုးရိုးအိမ်ပဲ
သားတို့ကသိနေကြတာလား"
![](https://img.wattpad.com/cover/225536277-288-k705710.jpg)
YOU ARE READING
Fanfictionမင်းကိုချစ်လွန်းလို့အရာအားလုံးကိုစွန့်ပစ်ခဲ့တာလေ ငါပြန်ရခဲ့တာဘာရှိလဲ မင်းအမုန်းတွေကြည့်ပဲ မင်းကိုအရမ်းချစ်တယ် အရမ်းလည်းမုန်းတယ် Byun Baekhyun မင်းကငါ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲ သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ခဲ့တာမင်းပဲ မင်းကိုငါမချစ်ဘူး Baekhyun Park Cha...