Unicodeလယ်သမားအိမ်တော်သည် အစိမ်းရောင် အုတ်ကြွပ်ပြားခေါင်မိုးနှင့် အနီရောင်နံရံတို့ရှိသည်။ ခြံဝန်းကျယ်ကြီးကို နှင်းအလွှာအထပ်ထပ်က ဖုံးလွှမ်းလျက်ရှိသည်။ ကြီးမားလှသည့် အနက်ရောင် အိမ်စောင့်ခွေးကြီးက အိပ်ဆောင်ရှေ့တွင် တခြမ်းပဲ့ခွက်ထဲမှ အရိုးကို ကိုက်နေရင်း ပျင်းရိစွာ လဲလျောင်းနေလေ၏။ အေးစက်သည့်လေပြင်းက ပိုပြီးအေးခဲအောင် လုပ်နေလေတာကြောင့် နွေးထွေးလှသည့် သူ့လှောင်အိမ်ဆီသို့ ပြန်ဆုတ်သွားချေသည်။
ထိုနေ့သည်ကား နှစ်သစ်ကူးအကြိုနေ့ပင်။ အိမ်တော်၌ သီးနှံဝလံမျိုးစုံတို့ အလျှံပယ်ထွက်ရှိနေပုံကို ဆေးရောင်စုံဖြင့် ခြယ်သရေးဆွဲထားသည်။ ကြီးကျယ်သည့် မီးအိမ်သုံးခုကို အိမ်ခေါင်မိုးဖျားတွင် ချိတ်ဆွဲထား၏။ ဗြောက်အိုးဖောက်သံများကို အပြင်ဘက်မှပင် ကြားနိုင်လေသည်။ နှစ်သစ်ကူးအကြိုညစာစားပွဲအတွက် အိမ်တော်ရှိလူတို့မှာ ပျော်ရွှင်မှုအပြည့်ဖြင့် တက်ကြွနေကြ၏။ ရွာရှိ စားသောက်ဖွယ်ရာများမှာ ရှားသော်ငြား အဓိကဟင်းလျာရှစ်မျိုးကို ဆွဲဆောင်မှုရှိရှိ ချက်ပြုတ်နိုင်ကြပေသည်။ အသီးအရွက်နှင့် အသားဟင်းတို့မှာ လိုက်ဖက်ညီစွာ ပနံ့သင့်လှ၏။ ယင်းတို့မှာ ငရုတ်နှစ်ဆမ်း အမဲသားလိပ်(1)၊ ဝက်သားနီနှပ်(2)၊ လက်ဖက်နှပ်ကြက်သားကင်(3)၊ အရောင်ငါးသွယ် သီးနှံဟင်း(4)၊ သိုးသားကြက်သွန်ပေါက်စီ(5)၊ ကောင်းချီး မင်္ဂလာဖက်ထုပ်(6)၊ ပျော်ရွှင်ခြင်းအသားလုံးလေးခု(7) နှင့် ပေါကြွယ်ချမ်းသာ ဟင်းလျာ(8) တို့ဖြစ်သည်။
{T/N -ဟင်းလျာ ရှစ်မျိုးရဲ့ပုံကို ခေါင်းစဥ်အပေါ်က coverပုံမှာ ကြည့်လို့ရပါတယ်နော်}
လူအုပ်ကြီးက သောက်စားပျော်ပါးနေကာ လောင်းကစားပင် လုပ်နေကြသေးသည်။ ယင်းမြင်ကွင်းမှာ သာမန်ထက်ပိုထူးခြားနေကာ ဆူဆူညံညံဖြင့် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ တစ်ချိန်ထဲမှာပင် လယ်သမားအိမ်တော်တွင်းရှိ စုတ်ချာလှသော အိပ်ဆောင်ငယ်တွင်မူ ညို့မှိုင်းသည့် လေထုက ဝန်းရံကာ တိတ်ဆိတ်နေလျက်...။ ချောင်ကျသည့် အခန်းထဲတွင် မီးတိုင်တစ်ခုက ခပ်ဖျော့ဖျော့လင်းလဲ့နေလေပြီး မကြာမီ၌ ပျောက်ကွယ်သွားတော့မယောင်ယောင်...။
YOU ARE READING
Fiksi SejarahJust a translation. ကိုယ့်ဟာကို ဖတ်ဖို့ tranတာပါ...မစောင့်နိုင်ရင် E tran ရှိပါတယ်ရှင့်...။ Translation Of Rebirth Of An Ill-Fated Consort