Ep-4

695 73 9
                                    

Unicode

After six years...

ရှောင်းကျန့် ဒီနေ့နေမကောင်းပါ။ သို့ပေမဲ့ အရေးကြီးသည့် အစည်းအဝေးရှိတာကြောင့် company၌သာအောင့်အီးပြီး နေနေရသည်။ ချိန်းဆိုထားသည့် ဧည့်သည်ကအခုချိန်ထိ မလာသေး။ ခေါင်းထဲကလည်း တရိပ်ရိပ်နဲ့။ ဇွတ်ကြိတ်မှိတ်ကာ ထိုင်နေရသော်လည်း အားအင်တွေတဖြေးဖြေးဆုတ်ယုတ်လာသလို ခံစားနေရသည်။

အလုပ်များသည့်အလျောက် အိပ်ချိန်တွေလည်း တဖြည်းဖြည်းလျော့နည်းလာရသည်။ ကျန်းမာရေးကို ထိခိုက်လို့ထိခိုက်မှန်းမသိတဲ့ ရှောင်းကျန့်က အစားဆိုလည်း သေချာမစားပါ။ တစ်ရက်လုံးနေမှ ထမင်းတစ်နပ်လောက်ကို စားချင်မှသာစားဖြစ်သည်။ အိမ်လည်း မပြန်ဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ။ အတွင်းရေးမှူးကိုသာ အိမ်က အင်္ကျီတွေကိုပြန်ပြန်ယူခိုင်းဖြစ်တာ။

ဒေါက် ‌ဒေါက် ဒေါက်!

"ဝင်ခဲ့"

ရှောင်းကျန့်ဆိုဖာမှာ ဝင်ထိုင်လိုက်ရင်း ဧည့်သည်တွေကိုပါ ထိုင်ခိုင်းလိုက်သည်။ ခေါင်းကတော့ မူးနောက်နောက်ဖြစ်နေပြီး တဆစ်ဆစ်နဲ့ထိုးကိုက်နေသည်။

"ဒါကျွန်တော် ပြောထားတဲ့ မင်းသား ဝမ်ရိပေါ်‌၊ အခုကြော်ညာမှာလည်း သူ့ကိုပဲခေါ်ရိုက်မှာ၊ ကျန့်ကော အဆင်ပြေတယ်မလား"

မျက်နှာချင်းဆိုင်မှာထိုင်နေသည့် ကောင်လေးကို မျက်လုံးလှန်ကြည့်လိုက်တော့ နည်းနည်းရင်းနှီးနေသလိုခံစားရသော်လည်း ဘယ်မှာတွေ့ဖူးမှန်းမသိ။ သူကလည်း ပြုံးစစနဲ့ စိုက်ကြည့်နေတာ ဘာအဓိပ္ပာယ်နဲ့ပါလိမ့်။

မျက်နှာရူးကောင်!!

"အင်းပါ အဆင်ပြေတယ်၊ အဲ့ဆို စာချုပ်ကိစ္စစလိုက်ကြရအောင်လေ"

ထိုမျက်နှာရူးကောင်က ဘောပင်လှမ်းယူတော့လည်း လက်ကိုသေချာထိအောင် ကိုင်လိုက်‌သေးတာ။ မျက်လုံးချင်းဆုံသွားတိုင်း စက္ကန့်ပိုင်းခြားလေးအတွင်းကို မျက်စခဏခဏပစ်ပစ်ပြသေးတာ။
ငါ့နှယ် ဘယ်လိုဟာလည်း မသိဘူး။ လက်ရဲဇက်ရဲရှိလိုက်တာ။ ခုခေတ်ကလေးတွေက ဒီလိုပဲ။ ပြောမနိုင်ဆိုမနိုင်တွေရယ်ပါ။

After six years...(Complete)Where stories live. Discover now