ချစ်သည်ထက်ပို၍ချစ်သည် 30

542 27 3
                                    

အခန်းထဲကိုမသိမသာကြည့်နေသည် Baekhyun ကြောင့် ရိပ်မိသည့် ဂျီဟိုကပဲဝင်ပြောရသည်

"Chanyeol ပြန်သွားပြီသား"

"ဘယ်~ဘယ်သူကမေးနေလို့လဲ မပြန်သေးဘူးဆိုလည်း နှင်ထုတ်မလို့"

အရေးဆို စကားကထစ်ပြီ သူခိုးလူမိထားသကဲ့သို့ပင်

"အေးပါကွယ် အဒေါ်ပြန်သွားပြီဖြစ်ကြောင်း ပြောပြတာပါ "

"ကျွန်တော် တစ်ရေးလောက်မေးလိုက်အုံးမယ် အကြောင်းတစ်ခုခုရှိရင်လာနှိုးလိုက်နော် ဦးလေးဂယ်ရီ"

"အေး အေး တစ်ရေးလောက်မေးလိုက်အုံး မနေ့ညကတစ်ညလုံးမအိပ်ထားမို့လား သွားသွားအနားယူလိုက်အုံး"

"ဟုတ်ကဲ့"

******************

"‌Chanyeol ငါတစ်ညလုံး စိတ်ပူနေခဲ့တာ
ဘာလို့ပြန်မလာခဲ့တာလဲ"

"မိုးရေတွေထဲမေ့‌လဲသွားလို့"

"အခုရော သက်သာသွားပြီလား ဘယ်လိုနေသေးလဲ ခေါင်းတွေဘာတွေကိုက်သေးလား တစ်ခြားနေရာတွေရော ထိခိုက်မိသေးလား"

"ဖြေးဖြေး‌မေးပါ Yibin ရယ် ဘာမှမဖြစ်ဘူး ဦးလေးဂယ်ရီတို့က အိမ်ထဲခေါ်ပြီး Baekhyun ကစောင့်ရှောက်ပေးထားလို့ ပြန်ကောင်းနေပြီ"

"ပြီးရော ပြီးရော လာအိမ်ထဲဝင်မယ် မနေ့ညက ဦးလေးတို့လင်မယားနှစ်ယောက်အရမ်းတွေ
စိတ်ပူနေလို့ မနည်းပြောပြီး အိပ်ခိုင်းထားရတယ်"

"ပြန်ရောက်ပါပြီ"

"သား Chanyeol ပြန်လာပြီလား မနေ့ကဘာလို့ပြန်မလာတာလဲကွယ် အဒေါ်တို့မှာစိတ်ပူနေကြတာ"

"ဦးလေးဂယ်ရီတို့နဲ့မတွေ့တာကြာတော့ အဲ့မှာပဲအိပ်ဖြစ်သွားလို့ပါ အဒေါ်"

"အေးပါ အေးပါ ဘာမှမဖြစ်ရင်ပြီးတာပါပဲကွယ် အနားအရင်ယူမလား အစားအစာတွေအရင်စားမလား အဒေါ်ဘာလုပ်ပေးရအုံးမလဲ"

"မစာသေးဘူး အဒေါ် အရင်အနားယူလိုက်အုံး ဗိုက်ဆာမှ လာစားပါ့မယ်"

"အေးအေး တစ်ခုခုလိုရင် အဒေါ်ကိုခေါ်လိုက်နော် လူလေး"

"ဟုတ်ကဲ့ အဒေါ် ဒါဆိုကျွန်တော်အပေါ်တတ်တော့မယ်"

ချစ်သည်ထက် ပို၍ချစ်ခဲ့သည် (ချစ်သည်ထက် ပို၍ချစ်ခဲ့သည် )Where stories live. Discover now