Unicode
အနက်ရောင်ကားတစ်စီး ဆိုးလ်မြို့တွင်းMain လမ်းမပေါ်၌ညိမ့်ညောင်းစွာမောင်းနှင်လာခဲ့သည်။"Minie ဟိုရောက်လို့ ညီလေးက သားကို အရမ်းကြီး ရင်းရင်းနှီးနှီးမဆက်ဆံရင်သားစိတ်မဆိုးရဘူးနော်"
"အင်းပါ မာမီရယ် Minie သိပါတယ် သူ့ကို ဟိုးငယ်ငယ်ထဲက ထားရစ်ခဲ့တာဆိုတော့ သူ ဆိုးသာမျှတွေကို Minieအတိုးနဲ့သည်းခံမှာပါ ခ်ခ်"
"အင်း Minie လေးက သိတတ်ပါတယ်"
ကားပေါ်တွင်သားဖြစ်သူ Minie လေးအားအမှာစကားချွေနေသူ Nan မှာလည်း ဟိုရောက်ရင် အဆင်များပြေပမလားရင်တမမနှင့်။လက်ကနာရီတစ်ချက်ကြည့်တော့ 5:00pmဒီလိုနှင့် Jeon အိမ်ဝင်းအတွင်းသို့ရောက်ရှိလာတော့ မှောင်ရီရောနေပြီ။
"မမခိုင် Jungkook ကိုသွားခေါ်ပါ "
Jeon Min ၏ အမိန့်ရသည်နှင့် မမခိုင်တစ်ယောက် အိမ်အပေါ်ထပ်သို့အပြေးလေးတက်ကာ Jk အခန်းရှေ့တွင်ရပ်လိုက်ပြီး...
"ဒေါက်ဒေါက်"
"Jungkookie သားရေမင်းအဖေ ခေါ်ခိုင်းလ်ုက်တာ Park မျိုးနွယ်တို့ရောက်လာကြပြီ"
အခန်းတွင်းမှ ဘာသံမှပြန်မကြားရ။"Jungkookie ကြီးခိုင်ဝင်လာမယ်နော်"
"မဝင်ခဲ့နဲ့ ခနနေလာခဲ့မယ် "
"အော်အေးအေး"
စကားပြန်ကြားမှ အိမ်အောက်သို့ ပြန်ဆင်းပြေးရပြန်သည် ။အိမ်ပေါ်မှာ ကြာနေ၍မဖြစ် Park မျိုးနွယ်ကို ကြိုရဦးမည်မဟုတ်လား။"ဘာပစ္စည်းမှသယ်မနေနဲ့ Nan အရင်လာနားဦး"Jeon Min ၏ စကားကြောင့် Nan ပင်ပန်းလာသမျှအမောပြေပါပြီ။ Nan၏မျက်နှာမှ အပြုံးတို့သည် ကျက်သရေရှိပြီးလှပလွန်းသည်။
Minie မှာတော့ Mommyတို့ပြောပြထားတဲ့ ညီလေး၏ အရိပ်အယောင်တောင်မတွေ့ရသဖြင့် အိမ်ဝင်းအတွင်းလှည့်ပတ်ကြည့်ရှုရင်း ရှာဖွေလျက် ။အိမ်ခြံဝင်းအတွင်းလင်းနေသောမီးရောင်တွေအောက်တစ်စုံတစ်ယောက်အားရှာနေသော Minie လေးအားJungkook တစ်ယောက်အိမ်အပေါ်ထပ် ဝရံတာပေါ်မှ စီးကြည့်ပြီးမဲ့ပြုံးပြုံးလျက်...."ဟင်း ...မယားပါသားရော ပါလာတာပဲ"
Jungkookတီးတိုးလေးရေရွတ်လိုက်၏။ထို့နောက်ဝရံတာမှ အခန်းထဲသို့ ပြန်ဝင်သွားပြီး Btကောက်ဖွင့်လိုက်သည်။
သူအလိုမရှိသော သူအား မကြိုဆိုခဲ့သလိုဆင်းတောင်မတွေ့ခဲ့ပါ။