တဖွဲဖွဲ ကျလာတဲ့ မိုးစက်တွေကြားမှာ ....သူတစ်ယောက်ထဲ ......အကြိမ်ကြိမ်ကြားယောင်နေတဲ့ စကား တစ်ခွန်းက
"လမ်းခွဲကြရအောင်........"
ဘယ်တော့မှ ကြားရမှာ မဟုတ်ဘူးလို့ ထင်ခဲ့တဲ့ စကားတစ်ခွန်းက ဘ်ာတော့မှ ပြောမှာ မဟုတ်ဘူးလို့ ထင်ထား သူရဲ့ နုတ်ဖျားကနေ ထွက်ကျလာတာ သူရင်ကို ဟက်တက် ကွဲ စေသတဲ့လား ...
ကောင်းကင်ကို အားတင်းပီး မော့ကြည့်လိုက်တော့ ....အညှိုးတကြီး ရွာချနေတဲ့ ရေစက်တွေကြောင့် ကြည့်ခွင့်မရ......သူ့ မျက်ရည် တွေ မိုးရည်နဲ့ သာစီးဆင်းပါစေလေ .......
ဘယ်လောက်ကြာအောင် ရပ်နေမိမှန်းမသိပေမယ့် သူ သတိထားမိတော့ မိုးတွေ တိတ်သွားပီ .....ဦးတည်ရာမဲ့ ခြေလှမ်းတွေ ရွှေ့လိုက်တော့ ခေါင်းထဲ မိုက်ခနဲ.........
"သားငယ်......"
"ငယ်လေး "
စကားသံ အချို့နဲ့ အတူ သူ့ ပုခုံးကို ဆုပ်ကိုင်လာတဲ့ လက်တွေ ...မော့ ကြည့်လိုက်တော့ ဝေဝေဝါးဝါး ကြားက
" မားး......"
သူ့ရဲ့ နောက်ဆုံး အသိက ကိုကိုငယ်....ပွေ့ချီ သွားတယ်ဆ်ုတာ နဲ့ အတူ အရာ အားလုံး အမှောင် အတိ.....................