နာကျင်မှု တွေရဲ့ အစလို့ ပြောလို့ ရတဲ့ နေ့လေး တစ်နေ့က .......
"နော်.....မားမား နော်....."
မား လက်မောင်းပေါ် ပုခုံးလေး မှီ လို့ ချွဲ့ချွဲနွဲ့နွဲ့ သူပြောတော့ ....
"အင်း......ခဏပဲ အဝေးကြီး မသွားနဲ့ြေ ခထောက်နာနေလို့နော် ....နို့မို့ မားပါ လိုက်မှာ ......မဟုတ်လို့ သား ကောကော တွေ ပြန်လာရင် မားကပါ ကြားထဲက အဆူခံ ရဦးမယ် ....ပီးတော့ သိပ်လဲ မကြာစေနဲ့ ခဏနေ သားကောကောတွေ ပြန်ရောက်တော့ မှာနော် ...."
"ဟုတ်ကဲ့ ပါ မားရယ် ငယ်လေး သိပါတယ်....မြန်မြန်လဲ ပြန်လာမယ် အဝေးကြီးလဲ မသွားဘူး ဟုတ်ပီလား ...."
မား....ရဲ့ ပါးလေးကို တချက် မွှေးကြူပီး အိမ်ထဲက အပြေးလေး ထွက်လာခဲ့ တော့ ....
"အရမ်းမပြေးနဲ့ သားငယ် ချော်လဲ မယ်....." ဆိုတဲ့ မားရဲ့ အသံ
"ဟုတ် ........." လို ပြန်ဖြေရင်း..... ခြံတံခါးလေးကို ဆွဲ ဖွင့်လို့ ပျော်ရွှင်စွာ......
ဒီ ညနေခင်းလေးက သာယာတယ်လို့ ပြောရမလား ပဲ ......မိုးမရွာတဲ့ ညနေခင်းလေး နေလဲ တအားမပူတော့တာမို့ ခပ်အေးအေး လေး လမ်းလျှောက်နေမိတယ်....တခါတခါ အပြင်ထွက်ဖို့ အရေး ကျားမှီး ဆွဲ ရတဲ့ ထက် ပိုခက်တဲ့ ရိပေါ် ရဲ့ အပြင်ထွက်ခွင့်လေး ဟာ ...ရာသီ ဥတု အခြေနေ ကောင်းတဲ့ ရက်ရယ် ...အိမ်မှာ ကောကော
နှစ်ယောက်မရှိတဲ့ ရက်ရယ် ဆုံမှာသာ အပြင်ထွက်ခွင့်ရတာ ဖြစ် သည်လေ..... မိန်းမငယ်လေးတွေ လို ထိန်းချုပ်ခံထား ရတဲ့ သူ့ဘဝကို တခါတလေ စိတ်ပျက်မိပေမယ့်
တခုခု ဆ်ု အစိုးရိမ် ကြီးတတ် လွန်းတဲ့ မေမေရယ် ကောကောဝမ်ကျိုးချန် သူခေါ်တာ ကိုကိုကြီး ရယ် ....ကောကောဝမ်ဟောက်ရွှမ်း ခေါ် ကိုကိုငယ်ရယ် .....သူကလဲ ချစ်တော့ သူ့တို့ စိတ်မဆင်းရဲ ရအောင် လိမ်မာ ပေးရတာပေါ့ နော် ......
ယောက်ကျားလေး နှစ်ယောက် မွေးလာပီးပီ မို့ မိန်းခလေးလိုချင်တယ်လို့ မျော်မှန်းထားတဲ့ အချိန် မွေးလာတာ ယောကျာင်္းလေးပေမယ့် ဖြူဖြူးဖွေးဖွေး ချောချောလှလှ လေးမို့ သူ့ကို အားလုံးက တယုတယ .......ထို့ပြင် ငယ်ငယ်လေးက နဲနဲ ချူချာသည်မို့ အစိုးရိမ် ကြီးကြတာလဲ အဆန်းမဟုတ် .......
အတွေးနဲ့ လျောက်လာတုန်း သတိ ထားမိလိုက်တော့ သူ ခပ်ဝေးဝေးရောက်လာပီပဲ .....ခြိမ်း....ခနဲမြည်လာတဲ့ မိုးခြိမ်းသံကြောင့် သူ ကောင်းကင်က်ု မော့ ကြည့်မိတော့ .....မဲတက်လာတဲ့ မိုးသားရိပ်တွေ .....အယ် ...မရွာနဲ့ ဦးနော် မိုးမိလို့ မဖြစ် ....နေမကောင်းဖြစ်ရင် သူပါမစ်တွေ ရုတ်သိမ်း ခံ ရမှ ဖြင့် ......
ခပ်သွက်သွက် လေး အိမ်အပြန်ဘက် လမ်းပြန်လျောက် နေရင်း ......ဆန္ဒမပြည့်ဝစွာ မိုးဖွဲ လေး တွေက ခပ်ပြင်းပြင်း ကျလာလေရဲ့ ....... ခေါင်းကို ငုံလို့ ခပ်သွက်သွက်ပြေးနေစဉ် ...လမ်းအကွေ့ တနေရာ ကျတော့ ကျွီ ခနဲ ဘရိတ် အုပ်သံနဲ့ အတူ စက်ဘီး တစ်စီး က ရိပေါ် ရှေ့ ဘွားခနဲ .....
လဲကျသွားတာနဲ့ အတူ နာကျင်မှုကြောင့် ရိပေါ် မျက်ရည်လေး အဝဲသား .....တကိုယ်လုံးလဲ မိုးရေတွေ ရွဲရွှဲ စိုလို့ ......
လဲကျနေရက်သား က မော့ကြည့်လိုက်တော့ မိုးရေတွေ ကြားထဲ မှာ စက် ဘီးပေါ်က ကောင်လေး..............ရေစက်တွေကြောင့် ဝိုးတဝါးဖြစ်နေတာတောင် စူးရှ နေတဲ့ သူ့ မျက်ဝန်းေ တွက သိန်းငှက်တွေ အလား
" ထနိုင်လား ....."
ခပ်ဆတ်ဆတ်အမေးက ဒေါသ ထွက်ချင်စရာ......
"ပြေနေတာ မြင်လို့လား....မထူပေးပဲ ....ဆောရီး တောင် တခွန်းမပြောဘူး ..မင်းက ဘယ်လိုကောင်လဲ ..."
အရှိန်မပြင်းပေမယ့် ထိုင်ရက်လဲကျတဲ့ အရှိန်က မြှီးညှောင်ရိုးနာသွားစေတာကြောင့် စိတ်တိုတိုနဲ့ ပြန်ရန်တွေ့တော့ ..... စက်ဘီးကို ဒေါက်ထောက်ပီး သူ့ကို လက်ကမ်းပေးတယ် ....ပုတ်ထုတိပီး ဆတ်ခနဲ သူထထိုင်လိုက် တော့
" ပြေနေတဲ့ ဟာကိုပဲ ...."
ခပ်တိုးတိုးရေရွတ်ပီး စက်ဘီးကို ဒေါက်ဖြုတ်ပီး လှည့်ထွက် သွားတာကြောင့် ရိပေါ် မှာ ဆွေ့ဆွေ့ခုန်ဒေါသထွက်ရင်း ...
" လူမှုရေး နားမလည်တဲ့ကောင် ....လူကို ဝင်တိုက်ပီး ဆောရီး တခွန်းတောင် မပြောဘူး ...လမ်းမှာ စက်ဘီး မှောက်ပါစေ ..... ဟွန်းးးးး"
ပွစိ ပွစိ တစ်ယောက်ထဲ ပြောရင်း ကြွက်စုတ် ရုပ်ကလေးနဲ့ အိမ်ပြန်လာတော့ မားက
" မိုးတွေ မိလာတယ် ....သားငယ် ...အထဲ မြန်မြန်ဝင် ရေ မြန်မြန်ချိုး ဖျားမယ်....တကဲထဲ တခါ လွှတ်တယ် တခုမဟုတ် တခု ဖြစ်လာတယ်......ဟူးးးးး "
ပြောပြောဆိုဆို နဲ့ သူ့ အခန်းထဲ ဝင်လိုက်လာပီး အင်္ကျီ ထုတ်ပေး ....ခေါင်းသုတ်ပေးပီးတာနဲ့အနွေးထည် ထူထူဘေးပေးဝတ် ဆေးတိုက်ပီး .....သူ့ ကို သိပ်ရင်း ....
"ကံကောင်းတယ် သားကောကောတို့ ပြန်လာတာ ဒီနေ့ နောက်ကျမယ်တဲ့ ....."
"ဟုတ် "
ခေါင်းလေး အသာငြိမ့်ရင်း ...မျက်လုံး မှိတ်လိုက်တော့ ပေါ်လာတာက စူးစူး ရှရှ မျက်ဝန်းတစုံ......
ထိုနေ့က ဝမ်ရိပေါ် လေး တစ်ယောက် ဆေး အရှိန်ကြောင့် အိပ်ပျော်ပီး အိမ်မက်ထဲမှာ ကောင်းလေးတစ်ယောက် ကို ဒေါသ ထွက်စွာ ပြောဆိုနေလေ ရဲ့ .....နောက်နေ့ မှာလဲ ကံ အကြောင်းမလှစွာ ဖျားတာမို့ ကျောင်း တပတ်လောက် ပျက်လိုက်ရသည်တဲ့လေ .......