ကမ္ဘာမပျက်ခင် စက္ကန့်ပိုင်းလေး ငါတို့တွေအတူရှိခဲ့ကြတယ်

494 22 2
                                    

အဲ့ဒီနေ့က မှတ်မှတ်ရရ ကျွန်တော်တို့နှစ်ယောက် ဆိုင်တစ်ဆိုင်မှာစကားပြောနေတုန်း ရုတ်တရက်ကြီး လေတွေတိုက်လာတယ်။ စိတ်ထဲမိုးရွာတော့မှာပဲလို့ တွေးလိုက်မိတယ်။ ဒီရက်ပိုင်းမိုးတွေရွာစေချင်နေတာကြာပါပြီ။

သူမနဲ့အတူရှိနေချိန်ဆို ရာသီဥတုက ဆွေးစရာငေးစရာ။ နှစ်ယောက်သားအတူရှိနေချိန် စကားလုံးတွေ အများကြီးပြောစရာရှိမနေလည်း သက်တောင့်သက်သာ ဖြစ်နေတဲ့ခံစားချက်ကို သူမကသာ ပေးစွမ်းနိုင်တယ်။ သူမ.. အင်း သူမက အခြားမဟုတ် ကျွန်တော်အမြဲတမ်းခိုးခိုးငေးနေရတယ့် အငွေ့အသက်လေး... Im Nayeon.


မျှော်လင့်ထားတဲ့အတိုင်းပဲ ခနနေတော့ လေတွေက ပိုကြမ်းလာတယ် ပတ်ဝန်းကျင်တစ်ခုလုံးလျှပ်စီးတွေလျှပ် ၊ မိုးကြိုးတွေလည်းပစ်လို့။ မိုးစက်တွေက တိုက်ခတ်လာတဲ့လေနဲ့အတူ တစက် နှစ်စက် ပြီးတော့ အများကြီး။ မိုးချုန်းသံတွေ၊ လျှပ်စီးကြောင်းတွေ၊ မိုးရေတွေနဲ့အတူ ပတ်ဝန်းကျင်က ဗြောင်းဆန်လို့နေတယ်။ ထုံးစံအတိုင်း လျှပ်စစ်မီးလည်း ပျက်သွားတယ်။ ပူနွေးစိုစွတ်နေတဲ့ရာသီဥတုက ချက်ချင်းဆိုသလို အေးစက်လာတယ်။ ရာသီဥတုက နှစ်ယောက်ထဲဆို တစ်ယောက်တစ်ယောက် တင်းတင်းပွေ့ဖက်ထားရမယ့်ပုံ။


ဒီနေ့ သူမနဲ့ကျွန်တော်တွေ့ဖြစ်တယ်။ တွေ့ဖြစ်တဲ့ခေါင်းစဉ်က မတွေ့တာကြာလို့ သတိရလို့အစရှိသဖြင့် တကယ်တော့ နှစ်ယောက်ကမတွေ့ဖြစ်ကြတာ သုံးရက်လောက်ရှိပြီ။


Nayeon : ဒီရက်ပိုင်း ရှင်အဆင်ပြေပြေမှရှိရဲ့လားလို့တွေးမိတယ်။ ပြောပါဦး ဘာတွေများထူးထူးခြားခြားလုပ်ဖြစ်သလဲဆိုတဲ့အကြောင်းပေါ့။ ကျွန်မကို သတိရနေတဲ့အကြောင်းက သိပြီးသားမို့ ကျန်တဲ့အကြောင်းကို ဦးစားပေးပြောပါ။


လူကိုအမြဲတမ်း ပြောစရာစကားမရှိအောင် ၊ ဆွံ့အအောင်လုပ်နိုင်စွမ်းရှိတဲ့ ဒီအမျိုးသမီးက ထုံးစံအတိုင်း စကားလုံးတွေနဲ့ချည်နှောင်တယ်။ ကျွန်တော်က သူမမချည်ခင်ထဲကအလိုလို သူမရဲ့စိတ်ဝိညာဉ်ထဲမှာ ရစ်ပတ်တွယ်ငြိနေတာ။


Jeong: ထူးထူးခြားခြားရယ်လို့တော့မရှိပါဘူး။ ဒီရက်ပိုင်းတော့ အိပ်ရေးဝဝအိပ်ပြီး ကိုယ်စားချင်တာကိုကောင်းကောင်းမွန်မွန်ချက်စား၊ ကော်ဖီလေးသောက် စာလေးဖတ်လိုက်ပေါ့။ အပင်လေးတပင်လောက်စိုက်ဖြစ်သေးတယ်။ နာမည်ကတော့ ဘာပေးရမယ်မသိသေးဘူး။ မင်းနဲ့တွေ့ရင်မေးမလို့ဆိုပြီး နာမည်မပေးပဲထားထားတာ။


🎉 You've finished reading || အပိုင်းအစတွေစုလိုက်တော့ ဒဏ်ရာတစ်ခုဖြစ်လာတယ် || 🎉
|| အပိုင်းအစတွေစုလိုက်တော့ ဒဏ်ရာတစ်ခုဖြစ်လာတယ် ||Where stories live. Discover now