[Zawgyi Version]
" လုပ်စမ်းပါ ။ မင်း သတ္တိရှိရင် ခုန်ချလိုက်စမ်းပါ ။
ဘယ်သူမှ မင်းကို ဆွဲမထားဘူး "သတ္တိရှိရင် .. ဟုတ်တာပေါ့ .. သူ့ရဲ့မဟာအားနည်းချက်
ကြီးက သတ္တိကြောင်တာလေ ..စကားနည်းသည် ။ တစ်သီးတစ်သန့်ဆန်သည် ။
နှုတ်ဆိတ်သည် ။ ပေါင်းသင်းဆက်ဆံရေးအားနည်းသည် ။
စိတ်ခံစားချက် အား ထုတ်ဖော်မပြတက်သလို လူအကဲခတ်
ရာမှာလည်း အားနည်းသည် ။ထိုသို့အားနည်းချက်မြောက်မြားစွာကြောင့် ရော ထိုင်းမှိုင်း
နေသယောင် သူ့ရုပ်ရည်ကြောင့်ရော သူသည်
လူကြောက်တက်ပြီး သရဲဘောကြောင်သည်ဟု
ခေါင်းစဉ်အတပ်ခံလိုက်ရသည် ။နောက်ဆုံးတော့ ကျောင်းလူမိုက်များ၏ အနိုင်ကျင့်ချင်
စရာ လူတန်းစားထဲ အလိုလို ရောက်သွားပါလေရော ။အစပိုင်းကတော့ သူတို့ တောင်းသမျှ ပိုက်ဆံပေးနေရုံနှင့်
အဆင်ပြေနေသေး၏ ။ သို့သော်လည်း သူ၏ မထုံတက်
သေး ငူငူငိုင်ငိုင်ပုံစံကို မည်သို့မည်ဖုံနှယ် အထင်မှားသွား
သည်မသိ ။ ပိုက်ဆံထုတ်ပေးရုံနှင့် မလုံလောက်တော့ဘဲ
ထိခိုက်ဒဏ်ရာရအောင် ထိုးကြိတ်သည် ။ပြန်လည်မလုပ် , အော်လည်းမအော် , လွှတ်ပေးပါလို့
လည်း မတောင်းပန် ဘဲ အောက်နှုတ်ခမ်းကို သွားဖြင့်
ဖိကြိတ်ပြီး အသံတိတ်ငြိမ်ခံနေသည့် သူ့ အား
" ငါတို့ကို စောက်ဂရုမစိုက်တာလား !!?? " ဟူ၍
အငြိုးထားကာ အရင်ကထက် ပိုအနှောင့်အယှက်ပေး
လာသည် ။ထို့ကြောင့် သူ၏ အထက်တန်းကျောင်းသားဘဝမှာ
နောက်ဆုံးနှစ်ရောက်သောအခါ ခက်ခဲသည်ထက်
ခက်ခဲလာ၏ ။ တစ်ပတ်လုံး မျက်နှာအယောင်မကျသည့်
နေ့ရက်များရှိသလို အိပ်ယာထဲ လုံးလုံး လဲကျသည့်
အချိန်များလည်းရှိသည် ။
YOU ARE READING
|| After 6 months || [Z+U]
General Fictionသူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? သူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? Own Creation Rebirth