လွန်းနေလယ်ဘက် သပြေရိပ်ရောက်တော့
သော်တာ့ဖေဖေရောက်နှင့်နေပါပြီး'သမီး ဒီမှာ'
လွန်းကိုလက်ပြတာမို့ လွန်းထိုစားပွဲကိုလျောက်သွား
လိုက်ပြီး ဝင်ထိုင်လိုက်သည်'သမီးလွန်း ဘာစားမလဲ မုန့်အရင်မှာလေ'
'လွန်းဗိုက်မဆာလို့ နှပ်ကော်ဖီပဲသောက်မယ်ဦး'
ဦးမိုးမှ စားပွဲထိုးကောင်လေးကိုလှမ်းခေါ်ပြီး
'သား နှပ်ကော်ဖီတစ်ခွက်ပေးပါဦး''ဦး လွန်းကိုပြောစရာရှိတာ
ဘာများလဲမသိဘူး''သမီးကိုပြောစရာဆိုတာထက်
အကူညီတောင်းချင်တာပါ
ဦးသမီးလေးက သူ့အမေသေဆုံးမှုကို
သူတာဝန်ရှိတယ်ထင်ပြီး
သူ့ခြေထောက်ကို ဆေးခန်းအပြမခံတော့တာ''ဦး ဖြစ်ခဲ့တာတွေ ပြောပြလို့ရရင်ပြောပြပါလား'
'ဒီလိုသမီးလေးသော်တာ ဆေးကျောင်းစတက်တော့
ကောင်လေးတစ်ယောက်ရှိခဲ့တယ် ချစ်သူပေါ့သမီးရယ်'လွန်းရင်ထဲစူးနင့်သွားသည်
သော်တာ့မှာချစ်ဦးသူရှိခဲ့တာလား
ဦးမိုးကဆက်ရှင်းပြသည်
'ဦးတို့က အဲ့ကလေးရဲ့ အကျင့်စာရိတ္တကို မကြိုက်လို့ လိုက်ဖြတ်ခဲ့ကြတာ သမီးကလဲ
အဲ့ကလေးအကြောင်းကို အကုန်သိသွားတယ်
ထင်ပါတယ် သမီးဘက်ကလမ်းခွဲလိုက်တယ်'ဦးမိုးမှာလွန်းကိုရှင်းပြရင်း မျက်ရည်ဝဲလာသည်
'အဲ့ကောင်လေးက သမီးကိုရော ဦးတို့လင်မယားကို ပါ မကျေနပ်ဘူးထင်ပါတယ် အဲ့နေ့ကဦးဇနီးနဲ့ သမီးလေးတို့ ပဲခူးဘက်ကဘုန်းကြီးကျောင်းတစ်ခု
မှာ အလှူလုပ်ပြီး ပြန်အလာ 'ဦးမျိုးမျက်ရည်များကျလာသည်
'အဲ့မှာ အဲ့ကောင်လေးက ကားကားချင်းဝင်တိုက်
လိုက်တာပါပဲ ကားနှစ်စီးတိုက်မိပြီးတစ်ဖက်ကဟို
ကောင်လေးက ဘာမှမဖြစ်သွားခဲ့ဘူး
ဦးသမီးလေးကို ကလေးမတစ်ယောက်ကယ်ခဲ့ပြီး ဦးမိန်းမကို ကယ်မဲ့အချိန်မှာ ကားပေါက်ကွဲသွားတာ
တဲ့'မျက်ရည်များသုတ်ရင်း
'အဲ့နေ့ကဦးလိုက်သွားသင့်တာပါ
သမီးလေးပြန်သတိရလာတော့ သူ့အမေဆုံးတာ
သူကြောင့်ပဲဆိုပြီး စိတ်ဓာတ်ကျသွားခဲ့တာ ရီတာ
ု ပြုံးတာလဲ မရှိတော့ဘူး ဆေးလဲဆက်မကုတော့ဘူး အခုသမီးလွန်းနဲ့တွေ့ပြီးမှ အရီအပြုံးတွေ စကားသေ
ချာပြောတာတွေရှိလာတာ '
ŞİMDİ OKUDUĞUN
နေကြတ်ချိန်
Romantizmကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...