ပထမဆုံးတွေ့ဆုံခြင်း

174 15 0
                                    

Unicode below~~

‌မိုးတိမ်လိပ်များ တက်လာသည့်တစ်လျှောက်တွင်
မိုးရေများပါ အတူတကွပါလာမည်ကို တွေးမိရင်း လျှောက်လှမ်းနေသော ခြေလှမ်းများကို အရှိန်တင်မိသည်။

ဒီနေ့ဟာ မိုးဦးအစ...
ကျောင်းသားကျောင်းသူတို့ရဲ့ စာသင်နှစ်အစ
ဇွန်လ တစ်ရက်နေ့ပင်...

မိုးမိမှာစိုးသောကြောင့် အလျင်အမြန် အခန်းထဲသို့လျှောက်လာသော်လည်း တစ်ဖက်တွင် ကျောင်းအစဖွင့်ရက်မို့ ခုံနေရာမရမှာကို စိုးရိမ်နေတာလည်းပါဝင်နေသည်။

ထို့ကြောင့် ကျောနောက်တွင်လွယ်ထားသော ကျောပိုးအိတ်ရဲ့ ကြိုးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း အလျင်အမြန်ပြေးလာလိုက်မိသည်။

"ဆောဟီရား!!"
အခန်းရှေ့ကနေ လက်လှမ်းပြကာ အော်ခေါ်နေသော သူမရဲ့ အချစ်ဆုံးသူငယ်ချင်းလေးကို တွေ့တော့ စိတ်ပူနေတာမှန်သမျှ ပြေလျှော့သွားရသည်။
ထို့နောက် သူငယ်ချင်းမလေးဆီကို အလျင်အမြန်ပြေးသွားရင်း အမောပင်မပြေသေးခင် အလျင်စလိုမေးမိသည်။

" ငါတို့ ဘယ်နေရာထိုင်မလဲ အခန်းမဖွင့်သေးဘူးမလား ငါတို့ နေရာကောင်းရအောင်ဦးရမယ်"

ထိုသို့ပြောပြီးတော့ အလျင်အမြန် ပြေးလာရသောကြောင့် မောဟိုက်နေသော ရင်ဘတ်ကို အနည်းငယ်ပြေလျှော့သွားစေရန် အသက်ပြင်းပြင်ရှူလိုက်မိသည်။
ထို့နောက် သူငယ်ချင်းမလေးက သူ့ဆီက ပါလာသော ရေဘူးကို ထုတ်ပေးပြီး

"ဆောဟီ သောက်လိုက်ဦး ဆရာမက မလာသေးဘူး"

"အွန်း ကျေးဇူး ဘာလို့လဲ မသိဘူးနော် ငါနောက်ကျနေပြီထင်လို့တောင် မြန်မြန်ပြေးလာတာ အဲ့လိုမှန်းမသိ မပြေးလာပါဘူး"
ထိုသို့  ပြောပြီးပြီးချင်း သောက်ပြီးသွားသော ရေဘူးကို သူမဆီပြန်ပေးလိုက်ရင်း တွေ့မြင်လိုက်ရတာက တစ်ဖက်ကနေ လျှောက်လာသော ဆရာမ...

"အို! ပြောရင်းဆိုရင်း ဆရာမလာပြီ"

တစ်ဖက်ကနေ ဆရာမ လျှောက်လာသောကြောင့် ဘေးကို ကပ်ပေးလိုက်ပြီး ဆရာမနောက်ကနေ အခန်းထဲဝင်ခဲ့ကြသည်။

Waiting For ForeverWhere stories live. Discover now