[Age ⚠️ ]
"မာန်ပြည့်..အိပ်ပြီလား"
"အေး အိပ်ပြီ"
ထွက်လာတဲ့ မလိုတမာ အသံလေးကြောင့် ရာဇာ ခပ်ဟဟရီသည်။ အမေနဲ့အဖေက အိမ်ရှေ့ခန်းတွင် အိပ်ပြီး လူပျိုအရွယ် ရာဇာ့အတွက်ကိုတော့ လိုက်ကာစများဖြင့် အခန်းဖွဲ့ပေးထားသည်။ လူတစ်ယောက် ကျောခင်းစာ နေရာနှင့် သေတ္တာတစ်လုံးစာ သာ ရှိသော အခန်းကျဉ်းလေးထဲကို မာန်ပြည့်က ယခုလိုပင် တိုးဝှေ့ကာ လာအိပ်စက်သည်။ အစပိုင်းမှာတော့ ရာဇာ စိတ်ညစ်ရပါသည်။ နောက်တော့လည်း အသားကျသွားပါသည်ပဲ။
ကျွဲပါးစောင်းတီးကောင်ကိုတော့ ရာဇာအမောခံပြီး ပြောမနေတော့ပါ။"မအိပ်သေးရင် ငါပြောစရာရှိတယ်"
"အိပ်နေပါပြီဆိုကွာ"
"ဒါဆိုလည်း ထကွာ မအိပ်နဲ့ဦး"
"ဘာလဲကွာ..အိမ်မှာ နားပူလို့ လာအိပ်ပါတယ်ဆို မင်းက တစ်မှောင့်"
စိတ်တိုတိုနှင့် ဆောင့်အောင့်ကာ ထလိုက်သော မာန်ပြည့်ကြောင့် သစ်သားအိမ်လေးက လှုပ်သွားသည်။
"ဒီနှစ်တော့ လွတ်အောင်ကျွတ်အောင် ဖြေလိုက်ပါတော့ကွာ..အန်တီလည်း သနားပါတယ်"
"လွတ်ရကျွတ်ရအောင် ငါက အပမှီနေလို့လား"
မာန်ပြည့်က ပစ္စည်းကောင်း အိမ်ကောင်းနှင့် မတန်သလို စကားကောင်းနှင့်လည်း မတန်သည့် အိမ်ပြေးကောင်ပင် ဖြစ်သည်။
"မင်းသာ ဆယ်တန်းအောင်ရင် မင်းအမေက မင်းဖြစ်ချင်တာ အကုန် ဖြစ်စေရမယ်တဲ့"
အသံတိတ်နေသော မာန်ပြည့်ကို လှမ်းအကဲခတ်သော်လည်း ခေတ်ပေါ်အီမိုကေ ဖြင့် စတိုင်လ်ထုတ်ထားသည့် ကောင်ကြောင့် မျက်ဝန်းဝိုင်းဝိုင်းတို့ကို ရာဇာမမြင်ရ။
"ငါ ဆယ်တန်းအောင်ရင် မင်းကရော ဘာလုပ်ပေးမှာလဲ"
အေးစက်စက် အသံကြောင့် ရာဇာ ကျောချမ်းသွားသည်။
"မင်း လိုချင်တာ ဝယ်ပေးမယ်."
ပြောသာပြောလိုက်ရသော်လည်း ရာဇာ့ အသံ တို့က တုန်တုန်ယင်ယင်။ ဒီကောင့် ဆယ်တန်း အောင်စာရင်း မထွက်ခင်အချိန်ထိ ဂိုက်သင်သမျှ လစာများကို ကုပ်ခြစ် စုရတော့မည်။
ČTEŠ
အိမ်ပြေး , အိမျပွေး { Z + U } Complete
TeenfikceZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...