Check Zawgyi version below ⬇️
#Unicode
တံခါးပေါက်ကြားမှ အလင်းတန်းလေးတွေသည် အရုပ်မလေးနေထိုင်ရာမှောင်မည်းသောဗီဒိုထဲသို့ ဝင်ရောက်နေသည် ။
အသက်မဲ့မျက်ဝန်းစိမ်းတစ်စုံသည် ထိုအပေါက်တွေမှနေ၍ အပြင်လောကကို ငေးကြည့်လို့နေသည် ။
ခံစားတတ်လျှင် မျက်နှာသေပေါ်၌ မိမိလိုချင်မက်မောလွန်းလှပါသောပစ္စည်းလေးကိုပိုင်နင်းသောသူတစ်ယောက်အား မနာလိုအားကျမှုတွေဖြင့် ငေးကြည့်နေရသည့်ကလေးငယ်လေးအသွင်ကို ဆောင်နေမှာသေချာပါသည် ။နွေးထွေးသော ဝါဖန့်ဖန့်မီးရောင်အောက် သခင်သည် နှစ်လိုစွာရယ်မောနေလေရဲ့ ။
သခင်၏ အကြည့်ရွှန်းရွှန်းသည် မိန်းမလှလေးတစ်ယောက်၏ မျက်နှာအမူအရာတွေမှ ထပ်ကျပ်မခွာ ။
တခါတခါ နင့်နဲစွာငေးနေတတ်ပြီး ၊ တခါတခါ အကြင်နာတွေကိုမဖွက်ထားနိုင်တော့ပဲ ဝေကျသွားတတ်သည် ။
အဲ့ဒီကြည်ပြာရောင်မျက်ဝန်းတွေ . . .။အိုး သခင်ပျော်နေတဲ့ ပုံစံလေးဟာ Rosy မျက်လုံးဖွင့်ပြီးမက်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေအတိုင်းပါပဲ . . . ။
လှပကာ အနှိုင်းမဲ့သည် ။
ပိုင်ဆိုင်လိုပေမယ့် လက်လှမ်းမမှီ ။ဒါပေမယ့် ဘာအရေးလဲ Rosy ဟာ သခင့်အပြုံးတွေကို မထိတွေ့ရပေမယ့် ၊ သခင့်ရဲ့ဒဏ်ရာတွေကိုတော့ လက်ခံရပါသည်။
သခင် သူမနဲ့ပြုံးပြီးရယ်ပါ ။
Rosy က မျက်ရည်တွေမရှိပဲ ငိုကြွေးပေးမယ်လေ ။
ဒီလိုလုပ် . . .
သခင်နဲ့ Rosy ဘဝတစ်ခုတည်းကို နှစ်ခြမ်းခွဲပြီး နေထိုင်ကြရအောင်လေ ။
ရယ်စရာရှိရင် သခင်ရယ် ၊ ငိုစရာရှိရင် အရုပ်မလေးကငိုမယ် ။သည်လိုအကြံတွေရတော့ သခင့်ရဲ့ စကားတစ်ခွန်းကို ကြားယောင်မိသည်။
" ငိုလို့ရနိုင်တဲ့ မျက်ရည်အိတ်တွေထည့်ပေးထားပေမယ့် အတုအယောင်နှလုံးသားနဲ့ဆိုတော့ ဒီအရုပ်ကဘယ်ငိုတတ်ပါ့မလဲ . . . "
မျက်ရည်တွေက တန်ဖိုးရှိတာကြောင့် နိမ့်ကျတဲ့အရုပ်ကလေးနဲ့ မထိုက်တန်တာနေမည် ။
သခင်က မျက်ရည်တွေပေးသနားပေမယ့် Rosy သည် မငိုကြွေးနိုင်ပေ ။
Rosy မျက်ရည်တွေကျတတ်ဖို့ ဘယ်လိုလုပ်ရပါ့ ၊ Rosy က အသုံးမကျလိုက်တာ . . . ။
သခင်ပြောသလိုပဲ Rosy ငိုရင် အံ့ဖွယ်ပဲနေမည် ။
YOU ARE READING
Man-made (Completed)
RomanceOwn-Creation (R18+) စိတ်ဝိဉာဏ်မဲ့ အရုပ်မကလေးဟာ စစ်မှန်စွာ ချစ်ကျွမ်းဝင်နိုင်သလား ? ပုံပြင်တစ်ပုဒ်ပြောပြမယ် ~ နားထောင်လှည့် ..... _____________________________ စိတ္ဝိဉာဏ္မရွိမဲ့ အရုပ်မကလေးဟာ စစ်မှန်စွာချစ်ကျွမ်းဝင်နိုင်သလား ? ပုံပြင်ကလေးတစ်ပုဒ်ေ...