(2) ပြန်​လည်​​မွေးဖွားခြင်း

3K 324 6
                                    

[Zawgyi Version]

" မင်းက ငါတို့ကို ​စောက်​ဂရုမစိုက်​တာလား !!! "

အားပြင်း​သော ကန်​ချက်​​​ကြောင့်​ ယိုင်​နဲ့နဲ့ခန္ဓာကိုယ်
သည်​ ညစ်​​ပေ​ပေ​မြေကြီး​ပေါ်သို့ ​ခွေခနဲ ပြုတ်​ကျသွား၏ ။
ခန္ဓာကိုယ်​ကို​ကွေးပြီး မျက်​နှာကို​အောက်​စိုက်​ထား​သဖြင့်
အသက်​ရှူ ​နေသလား ?? သို့တည်းမဟုတ်
မေ့​မျောသွား​ချေပြီလား ​ဝေခွဲမရပါ​ချေ ။

ဖုန်း !! ဖုန်း !! ဟူ​သော ကန်​ချက်​နှစ်​ချက်​ဆင့်​ထွက်​လာ
ပြီး​နောက်​ ငြိမ်​သက်​​နေ​သော​ကျောပြင်​​သည်
အနည်းငယ်​လှုပ်​ခတ်​သွားသည်​ ။

သို့​သော်​ ပြန်​ထလာခြင်းမျိုးမရှိသဖြင့်​ ကန်​​ကျောက်​​နေသည့်
လူတစ်​စုမှာ ပျင်းရိသွားဟန်​ဖြင့်​ ဆဲဆိုကာ ထွက်​သွားကြ
လေ​တော့၏ ။

လော​လောလတ်​လတ်​ အဆဲသံတစ်​ညံညံနှင့်
ဆူညံ​နေခဲ့​သော လမ်းကြား​လေးတွင် ​ဖျော့​တော့​​သော
အသက်​ရှူ သံတစ်​စ နှင့်​ ​ခွေ​ခေါက်​လဲကျ​နေသည့်
လူတစ်​​ယောက်​သာ ကျန်​ရစ်​ခဲ့သည်​ ။

မိနစ်​အချို့အကြာတွင်​ ​သေ​နေပြီ​လောဟုအထင်​မှားချင်​စရာ
လူရိပ်​မှာ ဖြေးညှင်းစွာ လှုပ်​ရှားလာပြီး တိုက်​နံရံကိုမှီကာ
ခပ်​​လျော့​လျော့ ထိုင်​လိုက်​သည်​ ။

အလင်း​ရောင်​​ကောင်းစွာမရသည့်​​နေရာဖြစ်​ပေမဲ့
သူက​တော့ အနည်းငယ်​​တောင်​မ​ရွေ့ဘဲ
ဆက်​ထိုင်​​နေဆဲ ။

" ဟက်​ .. မဖြစ်​နိုင်​လိုက်​တာ "

လှောင်​ရယ်​သံအနည်းငယ်​စွက်​​သော ရယ်​သံတစ်​စ
နောက်​တွင်​ တိုးညှင်းပြီးတုန်​ခါ​နေသည့်​ စကားတစ်​ခွန်းက
ကပ်​လျက်​ တွဲပါလာသည်​ ။ သူ့ကိုယ်​သူ ပြန်​​ပြောသည်
လား ? တစ်​စုံတစ်​​ယောက်​​ကြောင့်​ ​ရေရွတ်​သည်​လား ?
မသဲကွဲ ။

" ဒါက လုံးဝ မဖြစ်​နိုင်​တာကို "

လုံးဝမဖြစ်​နိုင်​ဘူး လို့ သူ့စိတ်​ထဲတွင်​ အသံကုန်
အော်​ဟစ်​​နေ​ပေမဲ့ ခန္ဓာကိုယ်​အနှံ တစ်​ဆစ်​ဆစ်
ကိုက်​ခဲ​နေသည့်​​ဝေဒနာ​ကြောင့်​ သူ့ကိုယ်​သူ အိမ်​မက်​ , မက်​​နေခြင်းမဟုတ်​မှန်း လက်​ခံလိုက်​ရသည်​ ။

|| After 6 months || [Z+U]Where stories live. Discover now