Ep-7

584 57 16
                                    

Unicode

"မင်းဘာလာလုပ်တာလဲ"

ကျန့်ကောအတွက် နေ့လည်စာကို မားကချက်ပေးလိုက်ပြီး ရိပေါ်က အလုပ်ထိအပင်ပန်းခံလာပို့တာကို ဝင်ဝင်ချင်း မာတင်းနေသည့် မျက်နှာဖြင့် အမေးခံလိုက်ရသည်။

"နေ့လည်စာလေ။ ကောစားဖို့အတွက် မားလုပ်ပေးလိုက်တာ"

ရိပေါ်မှာ ထိုင်တောင်မထိုင်ရသေး၊ ကျန့်ကောအမေးကို အလျင်အမြန်ဖြေရသည်။ ဖြည်းဖြည်းချင်း ပိုတင်းမာလာပြီး တွန့်ချိုးလာတဲ့ မျက်ခုံးတွေနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် မျက်လုံးတွေကတော့ ဂနာမငြိမ်။ တစ်ခုခုကို သတိရသွားသယောင် မျက်ခုံးတွေက ‌အပေါ်ပင့်တက်သွားသည်။

"မစားဘူး၊ ပြန်ယူသွား!!"

ရှောင်းကျန့်သည် ရိပေါ်ကို အော်လွှတ်တော့သည်။ နားချိန်မှာတောင် ကောင်းကောင်းမနားရဘဲ စားစေချင်လို့ စေတနာနဲ့ လာပေးတာကို ကျန့်ကောကတော့ပစ်ပစ်ခါခါ။

"မရဘူး၊ စားရမှာ မားကသေချာမှာလိုက်တယ်၊ ဆေးသောက်ဖို့လည်း မှာလိုက်သေးတယ်၊ ထမင်းစားပြီး ဆေးသောက်ရမယ်၊ ဒါပဲ"

ရိပေါ်ဆိုဖာပေါ်ထိုင်ကာ ထမင်းဘူးတွေကို စားပွဲပေါ်ဖွင့်ခင်းပေးလိုက်သည်။ ပြီးတော့ Laptopကနေ အကြည့်မခွာတဲ့ ကျန့်ကောကို လက်မောင်းမှဆွဲခေါ်ကာ ဆိုဖာမှာထိုင်ခိုင်းလိုက်သည်။ ကျန့်ကော ခန္ဓာကိုယ်က အနည်းငယ်တုန်ရီနေသလားလို့၊ ကောလက်မောင်းတွေကို ကိုင်ထားတဲ့ ရိပေါ်လက်တွေကနေ ခံစားမိနေတယ်။

"ကော စားလေ"

‌စားစရာတွေကို ရှေ့တိုးပေးလိုက်ရင်း လက်ထဲကို တူတစ်စုံထည့်ပေးလိုက်သည်။ အဖျားကတော့ မရှိတော့ဘူးထင်ပါရဲ့။ မျက်ရည်တွေဝဲနေသည့် ကောက အတိတ်ကိုနယ်ချဲ့နေသည် ထင်ပါရဲ့။ သေချာပါတယ်။ တစ်ဦးတည်းသောသူကို သတိရသွားပြီဆိုတာ။

ရှောင်းကျန့်မှာ သူ့ရှေ့၌ မျက်နှာငယ်လေးနှင့် တောင်းဆိုနေသည့် ရိပေါ်ကို ပစ်ပစ်ခါခါကြီးမပြောရက်။ သူတစ်ပါးစေတနာကို အဲ့လောက်ကြီး ပစ်ပစ်ခါခါသူမလုပ်ရက်ပါချေ။

After six years...(Complete)Where stories live. Discover now