3

14.7K 2.5K 65
                                    

"နေကြာပန်း ခေါင်းစည်းကြိုးက ကောင်းပါ့မလားကွ"

"မင်းပဲ ငွေ၃၀၀၀ အောက်ဆို..အဲ့ ပိုက်ဆံနဲ့ဆို ဒါပဲရမယ်"

ရာဇာခေါင်းကုတ်နေမိသည်။ လက်ထဲက နေကြာပန်းခေါင်းစည်း ကြိုးကွင်းတွင် ၂၈၀၀ကျပ် ဟု ကပ်ထားသည်။ ဒီ့ထက်လည်း ပိုက်ဆံကို ပိုမသုံးချင် ဒါကြီး ပေးဖို့ကလည်း အမြင်မလှသလို ခံစားရသည်။
ပိုက်ဆံအိတ်လေး ဝယ်ပေးရန် တွေးသော်လည်း ဈေးကြည့်ပြီး တန်းပြန်ချလိုက်ရသည်။

"ဒါပဲ ပေးလိုက်ပါကွာ..ခုတစ်လော ခေတ်စားနေတာ"

"ပြီးရောကွာ..အန်တီ..ဒါယူမယ်"

ရာဇာ ထပ်ပြီး အထွန့်တတ်မနေတော့ပဲ ထိုခေါင်းစည်းကြိုးကိုသာ ယူလိုက်တော့သည်။

"ဒါနဲ့..မင်း ရည်းစားကို ပေးတာ အဲ့လောက် ကပ်စည်းနဲရလား"

ပုဆိုးကိုအလွယ်ကောက်စွပ်လာသည့် ကောင်က ဆေးလိပ်နှင့်မီးခြစ်ကိုတော့ ခါးကြားထဲ ရအောင်ထည့်လာသေးပုံရသည်။ မာန်ပြည့်က သူ့အား မေးခွန်းလှမ်းထုတ်ရင်း ဆေးလိပ်ကို မီးညှိနေသည်။

"ပြောသမျှ ယုံနေတာပဲ ...ဂိုက်သင်လိုက် ကျောင်းတတ်လိုက်နဲ့..ငါ့မှာ ရည်းစားထားဖို့ အချိန်ကို မရှိဘူး...ဒါက ECကို မွေးနေ့လက်ဆောင် ပေးရမှာ"

ရုတ်တရက် ပုခုံးကို ဖိကာဖက်လာသည့် မာန်ပြည့်ကြောင့် ရာဇာ ခြေထောက်တစ်ဖက်ပင် ယိုင်သွားသည်။

"ဖေ့သားလေးက လိမ္မာတယ်..ရည်းစားမထားနဲ့..အဲ့တာ ပကာသနတွေ"

ပါးစပ်ဖျားက ဆေးလိပ်နံ့က ရာဇာ့နှာခေါင်းဝသို့ ဝင်ရောက်လာသဖြင့် ခြေဖျားထောက်ကာ သူ့အား ဖက်ထားသည့် မာန်ပြည့် ကို ပြန်တွန်းထုတ်ရသည်။

"ဖယ်စမ်း..ဆေးလိပ်နံ့က မွှန်နေတာပဲ..အန်တီ လစ်တာနဲ့ သောက်နေ..ငါ ပြန်တိုင်ဦးမယ်"

"ချွန်တွန်း မလုပ်နဲ့..ငါ တစ်သက်လုံး မင်း အိမ်ကို လာနေလိုက်မှာ"

ရာဇာ ချက်ချင်း အသံတိတ်သွားသည်။ အချိန်တိုင်း ရန်ဖြစ်တတ်သည့် သူတို့နှစ်ယောက် ထိုကဲ့သို့ ရန်ပွဲမျိုး တစ်ခါဖြစ်ဖူးသည်။ မာန်ပြည့် ကျောင်းပြေးသည်ကို ရာဇာက မေချို့ထံ တိုင်ပြောလိုက်သည်။ အဆူမခံနိုင်သည့် မာန်ပြည့်က ရာဇာ့တို့အိမ်တွင် ၂ပတ်လောက် သောင်တင်ခဲ့ဖူးသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Hikayelerin yaşadığı yer. Şimdi keşfedin