သံစဉ်မဲ့တေး(သံစဉ်မဲ့တေး)

46 12 13
                                    

သံစဉ်မဲ့တေး(part-10)

ကျွန်တော်မငိုချင်ပဲ ငိုနေရတယ်အကို။
ယောက်ကျားတစ်ယောက်ဖြစ်နေတာတောင် အကိုနဲ့ပတ်သတ်ရင် မျက်ရည်ကျတတ်တယ်။ ကျွန်တော်ဘယ်လိုစိတ်ကြီးနဲ့ ကျောင်းထဲဝင်နိုင်မှာလဲ....

အခုအချိန်မှာ ကျောင်းသားတွေအကုန် ကျောင်းဝန်းတွင်မရှိကြတော့ပေ။ အကုန်အတန်းတတ်ကုန်ကြပြီ။ မိုးတွေကလည်းရွာလာသောကြောင့် ထီးလေးတွေကိုအမြန်ဖွင့်လိုက်ရသည်။ ကျောင်းရှေ့ဂိတ်တွင် တာဝန်ကျဆရာမတစ်ဦးကို ​နေထက်တွေ့နေရသည်။

ဒါကြောင့် ကျောင်းထဲဝင်ရန် ခွင့်တောင်းဖို့ ကျောင်းဂိတ်ပေါက်ကဆရာမဆီ နေထက်သွားရသည်။

" ဆရာမ ကျွန်တော်ပြောစရာလေးရှိလို့ပါ "

" ဟုတ်ကဲ့ ပြောလေ "

ဆရာမက သဘောကောင်းပုံပေါ်ပေမယ့် သော်ဇင့်အကြောင်းကို အစကနေပြောပြရမလား ဆိုပြီး နေထက်ဇဝေဇဝါဖြစ်နေသည်။

" ဟိုလေ ကျောင်းအုပ်နဲ့ကျွန်တော်တွေ့ချင်လို့ "

ဆရာမကသဘောကောင်းသလို အခြေအနေကိုလည်းသဘောပေါက်လွယ်သည်။

" အော်...ရတယ်လေ ကျောင်းအုပ်ကြီးရုံးခန်းကို လိုက်ပို့ပေးမယ် လိုက်ခဲ့နော် "

" ဟုတ်ကဲ့ ကျေးဇူးပါဗျ "

ဒေါ်ကြည်မမကို အကြောင်းအကျိုးပြောပြပြီး ဆရာမခေါ်တဲ့နောက်ကို လိုက်သွားကြသည်။
ကျောင်းအုပ်ကြီးရုံးခန်းသွားတဲ့လမ်းတစ်လျောက်မှာ ကျောင်းသားကျောင်းသူတွေ စာသင်နေကြတာကိုတွေ့ပြီး နေထက်နှမြောနေသည်။

သော်ဇင်လေးလည်း ကျောင်းစိမ်းလေးနဲ့ဆို သိပ်လိုက်မှာပဲ
သူနေပြန်ကောင်းသွားရင် စာသင်ပေးရမယ်....
သူသာဆိုရင် ပညာတတ်ကြီးဖြစ်မှာ အခုတော့....

ဆရာမရဲ့ ကျေးဇူးကြောင့် ကျောင်းအုပ်ကြီးဆီသို့ရောက်ခဲ့သည်။ ကျောင်းအုပ်ကြီးကခန့်မှန်းခြေ အသက်၅၀ကျော်လောက်ရှိမယ်ထင်သည်။ ရုံးခန်းထဲရောက်တာနဲ့ ကျောင်းအုပ်ကြီးကိုဆရာမက နေထက်တို့လာကြောင်းပြောပြသည်။

သံစဉ်မဲ့တေး(သံစဥ္မဲ့ေတး)Where stories live. Discover now