ချစ်တယ် ဆိုတာထက် ပိုတယ်
🌷 အပိုင်း ( ၁၁ )ကျောင်းသွားဖို့အသင့်ဖြစ်နေသော်လည်း အဝတ်လဲရင်းက မှန်ရေှ့ကမခွာနိုင်ဖြစ်နေသူကတော့Mi .. မနေ့ညက Moနမ်းရင်း ကိုက်လိုက်သည့်အတွက် ပေါက်သွားသည့် အောက်နွုတ်ခမ်းလေးကို ကိုင်ရင်း သူမပြုံးနေမိသည်။
... ... ... ... ... ... ... ... ... ... ... ... ...
" Mo အစောကြီးရောက်နေတာလား "
" ဟန် ... အွန် "
Ji အသံကြောင့် Mo မေှာက် နေရာကနေခေါင်းထောင်လာပြီး ခုံကိုမှီရင်း တွေးတွေးငေးငေး ထိုင်နေမိပြန်သည် ။ ခေါင်းထဲမှတော့ မနေ့ညက အကြောင်းကိုပြန်တွေးရင်း မျက်နှာအရောင်ကလဲ နီမြန်းနေလေသည်။
Flashback ... ...
Mo နမ်းနေရာမှ အသိဝင်လာပြီးနောက် နမ်းနေတာဘဲ ရပ်လိုက်ရတော့မလို ဆက်ပြီးတော့ဘဲ နမ်းရတော့မလို စဉ်းစားရခက်နေလေသည်။ သို့သော် ယခုအချိန်ထိ နွုတ်ခမ်းတို့ကို ထိကပ်ထား၍ နမ်းနေဆဲပင်။ Mi ကတော့ Mo နွုတ်ခမ်းလေး သူမ နွုတ်ခမ်းကို ထိလာထည်းက ကျောက်ရုပ်သဖွယ် တောင့်တောင့်ကြီးဖြစ်နေလေသည်။
အချိန်နာရီတေပင် ရပ်တန့်သွားသလို ခံစားနေရ သည်။ Mo ကတော့ အမူးသမားသုံးယောက် အနားကထွက်သွားသည်ကို သိသော်ငြားလည်း Mi ကတော့မသိခဲ့ ။ Mo မျက်နှာနှင့် ကွယ်နေသ ည်က တစ်ကြောင်း သူမကိုယ်တိုင်က ရင်ခုန်သံတွေ မြန်လွန်းနေ၍ အသက်ရွုဖို့ပင်မေ့နေသည်က တစ်ကြောင်း အကြောင်းကြောင်းပေါင်းများစွာကြောင့်
သတိမထားမိခဲ့ပါ ။ အနမ်းတို့ကို ရပ်လိုက်ပြီးသည်နှင့် Mo ချက်ချင်းထကာ Mi ကိုကျောပေး၍ ရပ်လိုက်သည်။ ထိုတော့မှ Mi လည်းအသိနဲ့သတိ ကိုယ်၌ပြန်ကပ်လာလေသည်။" ဟို...ဟို ... ဟို အေးလာပြီ ငါပြန်တော့မယ်နော် .. နင်လဲ ကားကိုဂရုစိုက်မောင်းပြီးပြန်နော် "
YOU ARE READING
Fanfictionနေရောင်တွေဖြာနေတဲ့ မိုးသောက်ချိန်တွေမှာ ... လရောင်မရှိတဲ့ အိပ်ယာဝင်ချိန်တွေမှာရော ... ကြယ်တွေပါ ပုန်းနေတဲ့ အမှောင်ညတွေမှာလဲ ... ငါဆိုတဲ့သက်ရှိလူသားတစ်ယောက် ချစ်မြတ်နိုးတာ နင်တစ်ယောက်တည်းပါ ... နင်ကသာ လောကကြီးထဲမှာ...