PART - (6)

436 53 8
                                    

Zawgyi

အနေခက်လာတာမို့ ကော်ဖီကိုသာ မော့နေမိသည်။ အခုထိကိုယ့်ဆီမှာရှိနေတဲ့ သူ့မျက်လုံးတွေကိုမဖယ်သေး အာ...ဘယ်လိုတုန်းကွာ!

Bezz!!!

ကိုယ့်ဖုန်းသံကပင် ကိုယ့်ကိုတုန်လှုပ်သွားစေခဲ့တာ nameကြည့်မိတော့ အိမ်တော်ကကားဆီက

*Helloဦးလေး! ဟုတ်..အာ ဟုတ်လား
အင်းပါ အဆိုလည်းကျွန်တော်အငှားကားနဲ့
ပြန်လိုက်ပါ့မယ် Nae!!*

အိမ်တော်ကကားကကိုယ့်ကိုလာကြိုရင်း လမ်းမှာပျက်သွားတာမို့ ..ဘယ်တတ်နိုင်မလဲ? အငှားကားနဲ့ပြန်ရမှာပေါ့..... ရှေ့ကသူ့ကိုရီပြရင်း

*ဘာဖြစ်လို့လဲBae..*

*အော် အိမ်ကကားပျက်သွားတာ အဲ့တာ
လာမကြိုနိုင်လို့ဖုန်းဆက်တာ အငှားကားနဲ့ပဲပြန်...*

*ကိုယ်လိုက်ပို့ပေးမယ်*

ကံတရားကပဲကျွန်တော်တို့နှစ်ယောက်ကို
နီးစပ်စေခဲ့တာလား.... အခုသူ့ကားပေါ်ရောက်နေတဲ့ကျွန်တော်....

*ဦးက ကျွန်တော့်အိမ်ကိုသိလို့လား?*

ကိုယ့်ကိုလဲမမေးပဲ ကားကိုမောင်းနေတာလေ မေးမိတော့ ကိုယ့်ဘက်လှည့်ကာပြုံးပြရင်း

*Baeရဲ့အကြိုက်တွေတောင်သိတဲ့ကိုယ်က
အိမ်တော်လောက်ကတော့အေးဆေးပဲမဟုတ်ဘူးလား? ဟင်*

သူပြောမှကိုယ်အနေရခက်လာသည်။ အဲ့တာလည်းဟုတ်တာပဲ ကိုယ်ကကိုရှည်ပီးမေးမိတာ...

*ဒါနဲ့လေ ဘာလို့ အဲ့လိုတွေလိုက်လုပ်နေတာလဲဟင်*

သူကဘာလဲဆိုတဲ့သဘောနဲ့မေးဆတ်ပြတော့ လွယ်အိတ်ထဲကကဒ်လေးတွေကိုထုတ်ပြမိသည်။ ကားကိုလမ်းဘေးချရပ်လိုက်တဲ့သူ......သူ့ကားခါးပတ်ကိုဖြုတ်ပီး အနားတိုးလာတာ တဖြည်းဖြည်းနဲ့ကိုယ့်မျက်နှာနဲ့သူ့မျက်နှာ ထိလုထိခင်အနေအထားအထိ......အရမ်းနီးစပ်လွန်းနေတာမို့ ကိုယ့်ခေါင်းကနောက်ဆုတ်လေ သူကတိုးလေ ...မျက်လုံးအချင်းချင်းကလဲ စကားတွေပြောနေမိကြတာ မေးမိတာမှားပြီလား?.......

*ဘာကြောင့်ထင်လဲ?*

ပြတ်တောင်းပီး အေးစက်လှတဲ့သူ့အသံ...ရင်တွေခုန်နေခဲ့တာ အဆတ်မပြတ်ဖြစ်နေခဲ့ပေမဲ့ ....အသိတစ်ခု.... နွေးထွေးရမဲ့သူ့မျက်ဝန်းတွေက အေးစက်ပီး ဝမ်းနည်းရိပ်တွေဖုံးလွှမ်းနေတာ ဘာကြောင့်လဲ..... ကိုယ်စိုက်ကြည့်မိတဲ့သူ့မျက်ဝန်းထဲ ပြည့်အိုင်လာတဲ့မျက်ရည်စတွေ သူ့ရင်ဘတ်ကိုတွန်းကန်ထားတဲ့လက်တွေကအားမရှိလှ....ဆေးလိပ်နံ့သင်းသင်းရတဲ့ သူ့နှုတ်ခမ်းတွေက ကိုယ့်နှုတ်ခမ်းပါးကိုထိမိတဲ့အချိန် မျက်ဝန်းတွေမှေးမှိတ်ခဲ့မိသည်.... မျက်နှာနှစ်ခုကြားထဲစီးဆင်းခဲ့တဲ့နွေးတေးတေး အရာက သူ့မျက်ရည်စတွေလား...တွန်းကန်ကာ မေးချင်ပေမဲ့ ရုတ်တရက်ဆိုသလို ကိုယ့်မျက်နှာကို သူ့လက်နှစ်ဖက်နဲ့အုပ်ကိုင်ရင်း မွတ်သိပ်စွာ သူနမ်းနေခဲ့သည်... တခါတရံ အောက်နှုတ်ခမ်းကိုပဲ အသည်းအသန် စုပ်လျက် ကိုက်လျက်......ကိုယ့်လက်တွေက သူ့ခါးဆီမှာရစ်ပတ်ရင်း....အနမ်းတွေကိုတုန့်ပြန်နေခဲ့မိသည် ....

G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]Where stories live. Discover now