နေကြတ်ချိန် အပိုင်း ( ၈ )
လွန်းတို့ Anni ပွဲလေးပြီးပြီမို့ လွန်းကလေးလေးကို
အိမ်ပြန်ပို့ရင်း အိမ်ရောက်တော့ ထိုင်ခုံခါးပတ်ဖြုတ်
ရင်းနဖူးလေးကို အနမ်းလေးပေးလိုက်သည်လွန်းအရုပ်ကလေးပေးရင်း
'အိပ်ရေးဝဝ အိပ်နော်
Goodnught Baby have a sweet dream'လွန်းအိမ်ရောက်တော့ သော်တာ့ဖေဖေဖုန်းခေါ်လာ
သည်'ဟုတ်ကဲ့ ဦး'
'သမီး ခနတွေ့ပြီး ဦးတို့စကားပြောရအောင်'
'ဟုတ်ဦး အခုလား လွန်းဘယ်လာခဲ့ရမလဲ'
'ရန်ကင်းစင်တာက Happy Coffee shop ကို
လာခဲ့လိုက်သမီး'ထူးဆန်းပါသည် အခုလေးတင် လွန်းသော်တာ့ကို
ပို့ပြီးပြန်လာတာပါ
လွန်း Happy ထဲဝင်သွားပြီး ဦးလေးရှိတဲ့ခုံကို
လျောက်လာခဲ့လိုက်သည်'ထိုင်သမီး ကော်ဖီမှာထားပေးတယ်'
'ဟုတ် ဦးပြောစရာရှိတယ်ဆိုတာ'
'သမီးလွန်း သမီးနဲ့ဦးသမီးတို့အခြေအနေက
ဘယ်ထိရောက်နေပြီလဲ'လွန်းဘာပြောရမှန်းမသိတော့
'ရှင် ဦး ဟိုလေ လွန်းတို့''သမီးတို့ မေတ္တာမျှနေတာ ဦးသိပါတယ်
ဦးသမီးလေး အရင်လိုမဟုတ်ပဲ
အခြေအနေတိုးတက်လာတာလဲသမီးကြောင့်ဆိုတာ ဦးသိတယ် ဒါပေမဲ့ သမီးတို့ကမိန်းကလေး နှစ်ယောက်လေ သမီးတို့ရှေ့ရေးကမဖြစ်နိုင်ဘူးလေ''ဦးရယ် သမီးပြောတာ နားထောင်ပေးပါဦး
သော်တာ့ကို သမီးတကယ်ချစ်တာပါ
ဘာမှမပါပဲ ဖြူစင်တဲ့အချစ်နဲ့ ချစ်တာပါ''ဦးသိပါတယ် ဒါပေမဲ့ ဦးသဘောမတူနိုင်ဘူးသမီး
သမီးတို့ family ထဲကိုလဲ ဦးသမီးလေးကို
တိုးမဝင်စေချင်ဘူး သမီးတို့ကို အေးအေးချမ်းချမ်းပဲ
လွမ်းခွဲစေချင်တယ် ဦးသဘောဆန္ဒပါ'လွန်းတို့ကိုသဘောမတူတာ လွန်းရဲ့အသိုင်းအဝိုင်း
ကြောင့်ပေါ့ လွန်းကလွန်းဖြစ်နေလို့ပေါ့
တစ်ဘဝလုံးခံစားခဲ့ရတဲ့ ဒီအရာကပဲ လွန်းတို့ချစ်ခြင်း
ကို ဟန့်တားလိုက်ပြန်ပါပြီ
YOU ARE READING
နေကြတ်ချိန်
Romanceကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆုံနိုင်တဲ့ အချိန်လေးတော့ရှိတယ် အဲ့တာက နေကြတ်ချိန် လေ ကိုက နေ မင်းက လ တို့နှစ်ယောက်ဖူးစာက မဆုံနိုင်ပေမဲ့ တို့နှစ်ယောက်အတူဆ...