ငါဟာ ဘာအတွက်အသက်ရှင်နေရတာလဲ
အချစ် အမုန်း ရည်မှန်းချက် ဦးတည်ချက် ဘာမှမရှိတဲ့ငါကမ္ဘာကြီးမှာ ဘာအတွက်နေထိုင်နေရတာလဲ....ငါပျောက်ကွယ်သွားချင်တယ်
ဒီဘဝကြီးထဲမှာ ငါနေထိုင်ရတာစိတ်ကုန်လွန်းလို့ ......
ဒီကမ္ဘာကြီးထဲ မွေးသေစက်ဝန်း သံသရာကြီးထဲက... .ငါ့ရဲ့ဝိညာဥ်ဆိုတာ ငါဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့သူတစ်ယောက်လို...........ငါပျောက်ကွယ်သွားချင်တယ်....သူရဲ့အတွေးအဆုံး.....လက်ကောက်ဝတ်ပေါ်တင်ထားတဲ့ ဘလိတ်ဓားကို ဖိချပြီး သွေးကြောတွေကို ဖြတ်တောက်စေခဲ့သလို
မျက်ဝန်းထဲက အထီးကျန် စိတ်ပျက် မှုတွေနဲ့အတူ ကျဆင်းသွားတဲ့မျက်ရည်တစ်စက်.........
............................
Ding~~ Systemနဲ့ချိတ်ဆက်နေပါသည်......
"ချိတ်ဆက် မှုအောင်မြင်စွာပြီးစီး .....''
ငါဟာရီဝေဝေနဲ့ ခေါင်းထဲမှာ အသံတွေကြားနေရတယ်..............
ထိူ့နောက်ပြန်လည်မေ့မျောသွားတဲ့စိတ်ဝိညာဥ်........
ဖြူဖျော့ဖျော့ ဝိညာဥ်ငယ်လေးဟာ အချိန်မရွေးပျောက်ကွယ်သွားတော့မလိုပင်.....
သေချာသည်မှာ Systemနဲ့သာ မချိတ်ဆက်ခဲ့ရင်.......သံသရာစက်ဝန်းမှ ဝိညာဥ်ငယ်လေးဟာ ပျောက်ကွယ်သွားတော့မည် .....
[Host အားတင်းထားပါအူံး]
ငါနောက်တစ်ကြိမ်နိုးထလာတော့ ငါဟာ ဖြူလွှလွှ အခန်းတစ်ခုကိုတွေ့လိုက်ရတယ်
!ဒါက...........ငါWpမှာဖတ်ဖူးခဲ့တဲ့ System လိုဟာမျိုးလား.....'
ငါ့ရဲ့အတွေးကိုသိနေသည့်အလား....
[Host နိုးလာပြီလား.....ဟုတ်ပါတယ် ကျနော်က System Recallingပါ]
'ငါမကြားဖူးဘူး'
[Host အခုက ချိတ်ဆက်လိုက်ပြီဆိုတာသိပြီဟုတ် Hostသိသင့်သလောက်အကုန်သိတာ ကျနော်သိတယ် ဒါကြောင့်ရှင်းမပြတော့ဘူးနော်]
YOU ARE READING
Recalling System
General FictionLucas Lucica....ဆိုတဲ့ကောင်လေးဟာ ကမ္ဘာအစစ်မှာ သတ်သေခဲ့တယ် ဒါပေမဲ့ သူ့ရဲ့ စိတ်ဒဏ်ရာတွေကြောင့် Systemတစ်ခုနဲ့ချိတ်ဆက်ခဲ့ရတယ်.... no translation own creation