6

12.6K 2.2K 69
                                    

ဘတ်စ်ကားပေါ်မှ ဆင်းသည်နှင့် မှတ်တိုင်အမိုးရှိရာသို့ ပြေးကာ မိုးခိုရသည်။ အငြိုးနဲ့ ရွာချနေသကဲ့သို့ မိုးက သည်းသည်းထန်ထန်နိုင်လွန်းသည်။ ကားလမ်းတစ်လျှောက် အပင်မျိုးစုံမှာ ယိမ်းထိုးနေသည်။ အုံ့မှိုင်းနေသော ကောင်းကင်ကြီးနဲ့အတူ ရာဇာ့စိတ်တို့လဲ ညိုးမှိုင်းနေသည်။ ဒီနေ့ ဂိုက်သင်ရမည့် ဝိုင်းက ကျောင်းကိစ္စကြောင့် ခွင့်လှမ်းတိုင်ကြသည်။ အားလပ်သွားသော ညနေခင်းကြောင့် ယမန်နေ့များထက် အိမ်သို့ စောစီးစွာ ပြန်လာခွင့်ရသည်။ ညနေခင်းအလင်းရောင်ဖျဖျ ရှိသေးသော်လည်း မိုးမင်းကြီးက အနက်ရောင်ဖျဖျကို တိမ်စိုင်ငယ်တွေကြားထဲ အလှဆင်ထားပေးသည်။ လက်ထဲက ခိုထီးအမဲကို ဖွင့်ကာ မှတ်တိုင် အမိုးအောက်မှ ထွက်လာခဲ့တော့သည်။ ဒီခိုထီးကလည်း မှတ်မှတ်ရရ သူ ကိုးတန်းနှစ်က မာန်ပြည့် လက်ဆောင်ပေးထားသည့် ထီးလေးပင် ဖြစ်သည်။ သူ၏ ကိုင်းကျိုးနေသည့် ထီးကို မာန်ပြည့်က သူကိုယ်တိုင် ဆွဲယူလွှတ်ပစ်ကာ ရာဇာ့လက်ထဲသို့ ဒီခိုထီးကို ထိုးထည့်ပေးသွားသည့်နေ့က ပုံရိပ်များသည် နှလုံးသားထဲမှာ ထင်ထင်ရှားရှားပင်။

အိမ်ပေါ်သို့ တက်ရန် သစ်သားလှေကားအောက်ခြေတွင် မြင်နေကြ အမေ့ဖိနပ်အပြင် ဖိနပ်သုံးရံ ပိုနေသည်။ တစ်ရံက အဖေ့ဖိနပ် ဖြစ်လိမ့်မည်။ ပုံမှန်ဆို ညဆယ်နာရီ ဝန်းကျင်မှ မူးရူးကာ ပြန်လာတတ်သည့် အဖေ့ဖိနပ်ကို အိမ်ပြန်လာချိန်မှာ မြင်ရသည်က ရာဇာ့အတွက် ထူးဆန်းပါသည်။ ဖိနပ်တွေကို ကြည့်ကာ အတွေးများနေချိန် ကြားလိုက်ရသည့် ရှိုက်ငိုသံကြောင့် အိမ်ထဲသို့ ပြေးဝင်လိုက်ရသည်။

အမေက မျက်နှာကို ကြမ်းခင်းနှင့် ထိမတတ်ငုံ့နေရာမှ ရာဇာ့ကို အလန့်တကြားမော့ကြည့်သည်။ အဖေကတော့ တပ္ပလင်ချိတ်ကာ ထိုင်နေပြီး မျက်နှာမကောင်း။ ပြီးတော့ ရာဇာ မသိသည့် သူစိမ်းနှစ်ယောက်။ တစ်ယောက်က အဒေါ်ကြီး ဖြစ်ပြီး တစ်ယောက်က အပျိုပေါက်ရွယ် ကောင်မလေးတစ်ယောက်ဖြစ်သည်။ အဒေါ်ကြီးက အညိုရောင် တဘက်ပိုင်းစကို မျက်နှာတစ်ဝက်အုပ်ကာ မျက်ရည်စတို့ဖြင့် ရာဇာ့ကို သနားစဖွယ် မော့ကြည့်သည်။ ကာတွန်းပုံ စပန့်ဝမ်းဆက်နဲ့ ကောင်မလေးကတော့ ပျော်ရွှင်နေပုံရပါသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Tempat cerita menjadi hidup. Temukan sekarang